DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းအတွက် ကူညီဆောင်ရွက်နေသူများကို အရေးယူမည်ဟု  ပွင့်ဖြူ ပကဖ အသိပေး
DVB
·
September 26, 2024
သန်းခေါင်စာရင်းအတွက် ကူညီဆောင်ရွက်နေသူများကို အရေးယူမည်ဟု  ပွင့်ဖြူ ပကဖ အသိပေး
Donate to DVB

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းအတွက် ကူညီဆောင်ရွက် ပေးနေသူ တွေကို ထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ပွင့်ဖြူမြို့နယ်ထဲမှာ အခု လာမယ့်ရက်ပိုင်းတွေမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်မယ်လို့ ကြားနေရတယ်။ ပြည်သူ့ဆန္ဒ မပါတဲ့ ရွေးကောက်ပွဲကို  လုံး၀ကန့်ကွက်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်မယ့်ကိစ္စကို ပူးပေါင်းပါ၀င်တာတွေမပြုလုပ်ဘဲ နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့လိုပါတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့အစိုးရဆီကနေ အာဏာသိမ်းပြီးကတည်းက သူတို့ပြုလုပ်ထားတဲ့ စစ်ရာဇ၀တ်မှုတွေကို ဖုံးကွယ်ပြီး လူထုကလက်မခံတဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာ၀န်ခံတယောက်က“စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက်ကြိုးပမ်းပြီး သန်းခေါင်စာရင်းကောက်မယ့် ကိစ္စကို ကူညီဆောင်ရွက်ပေးသူတွေဟာ ပြည်သူကို အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်တပ်ကို သက်ဆိုးရှည်စေတဲ့အတွက် ကူညီသူတဦးတယောက်ချင်းကို စောင့်ကြည့်မှတ်တမ်းတင်ထားပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်ဆိုတာ သတိပေးလိုပါတယ်”´လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ယူရာမှာ ပါ၀င်ကူညီ ဆောင်ရွက်ကြသူ တွေကို မှတ်တင်ထားပြီး နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ပေးပို့ကြဖို့ တိုက်တွန်းထား တယ်လို့လည်း ဆက်လက်ပြောပြပါတယ်။

၂၀၂၅ ခုနှစ် နို၀င်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်လို့ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက် အထိ သန်းခေါင်စာရင်းကောက်ယူသွားမယ်လို့ စက်တင်ဘာ ၁ ရက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပြီး မလုံခြုံတဲ့နေရာတွေကို စစ်တပ် လုံခြုံရေးနဲ့ သန်းခေါင်စာရင်းကောက်မယ်လို့လည်း ဒုစစ်ခေါင်းဆောင်​က ပြောဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013