DVB Logo
Home
နိုင်ငံတကာ
စင်ကာပူက ရေငုပ်သင်္ဘော အသစ် ၂ စီးကို တာဝန်ပေးအပ်
DVB
·
September 25, 2024
စင်ကာပူက ရေငုပ်သင်္ဘော အသစ် ၂ စီးကို တာဝန်ပေးအပ်
Donate to DVB

စင်ကာပူအစိုးရက အဆင့်မြင့် ရေငုပ်သင်္ဘော ၂ စင်းကို စက်တင်ဘာ ၂၄ ရက်မှာ စတင် တာဝန်ပေးအပ်ခဲ့ပြီး ပင်လယ်ရေကြောင်းဆက်သွယ်ရေး လမ်းကြောင်းတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ရေတပ်က ပြောပါတယ်။

စင်ကာပူနိုင်ငံရဲ့ ပဉ္စမနဲ့ ဆဋ္ဌမမြောက် ရေငုပ်သင်္ဘောတွေဖြစ်တဲ့ အနိုင်မခံ အရှုံးမပေးလို့ နာမည်ပေးထားတဲ့ Invincible ရေငုပ်သင်္ဘောနဲ့ စင်းလုံးချော အပြစ်ကင်းသူလို့ နာမည်ပေးထားတဲ့ Impeccable ရေငုပ်သင်္ဘောတို့ကို ဂျာမနီနိုင်ငံ သစ်စင်ခရပ် ပင်လယ်ရေကြောင်းစနစ် ရေငုပ်သင်္ဘော တည်ဆောက်ရေး ကုမ္ပဏီကနေ ယူရို ၁ ဘီလီယံ သဘောတူညီချက်နဲ့ ၂၀၁၃ ခုနှစ်မှာ မှာယူခဲ့တာပါ။

ခုတော့ ဒီရေငုပ်သင်္ဘောတွေဟာ ရေငုပ်သင်္ဘောဟောင်းတွေဖြစ်တဲ့ အာချာနဲ့ ချဲလန်ဂျာ အဆင့် ရေငုပ်သင်္ဘောတွေနဲ့အတူ ရေတပ်ကို ပူးပေါင်းခဲ့ပါတယ်။

ဒီရေငုပ်သင်္ဘောတွေဟာ စင်ကာပူရေတပ်အတွက် နည်းပညာဆိုင်ရာ ခြေလှမ်းသစ်တရပ်ကို ကိုယ်စားပြုပြီး ချမ်းသာတဲ့ အရှေ့တောင်အာရှနိုင်ငံ စင်ကာပူကို သင်္ဘောသားနည်းနည်းပဲ သုံးရင်း ကမ်းစပ်ကနေ ခပ်ဝေးဝေးထိ စီမံခန့်ခွဲနိုင်အောင် ဖန်တီးပေးပြီး ဒေသတွင်းမှာ အဆိတ်ငြိမ်ဆုံး သင်္ဘောတွေအဖြစ် ဖန်တီးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရေငုပ်သင်္ဘောအသစ် ၂ စင်းကို ချန်ဂီ ရေတပ်အခြေစိုက်စခန်းမှာ အင်္ဂါနေ့ကျင်းပတဲ့ အခမ်းအနားအတွက် ဆိပ်ခံတံတားတွေနဲ့ ကပ်လျက်မှာ ရပ်နားထားပါတယ်။

စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်ဟာ သူ့မိသားစုတွေနဲ့အတူ အဖြူရောင်ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ဂုဏ်သရေရှိ စစ်မှုထမ်းတွေ၊ သင်္ဘောသားတွေနဲ့အတူ သင်္ဘောတွေကို တာဝန်ပေးအပ်တဲ့ အခမ်းအနားကို ကြည့်ရှုခဲ့ပါတယ်။

“ပင်လယ်ရေပိုင်နက်နိုင်ငံတခု အနေနဲ့ စင်ကာပူရဲ့ ရှင်သန်မှုနဲ့ သာယာဝပြောရေးဟာ ပင်လယ်ပြင်မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်အပေါ် မူတည်ပါတယ်။ စည်းဝေးပွဲဟာ ကျနော်တို့ရဲ့ ပင်လယ်လမ်းကြောတွေ ပွင့်လင်းလုံခြုံစေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတရပ် ဖြစ်ပါတယ်” လို့ အခမ်းအနားမှာ ဝေါင်က ပြောခဲ့ပါတယ်။

ဒီသင်္ဘောတွေကို ရေကြောင်းပိုင်နက်နိုင်ငံအဖြစ် စင်ကာပူရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ အထူးပြင်ဆင်ထားတယ်လို့လည်း ဝေါင်က ပြောပါတယ်။

အဓိကရလို့ အဓိပ္ပာယ်ရတဲ့ Illustrious နဲ့ တုနှိုင်းမဲ့လို့ အဓိပ္ပာယ်ရတဲ့ Inimitable ရေငုပ်သင်္ဘော နောက်ထပ် ၂ စင်းကိုလည်း ဒီအခမ်းအနားမှာ မိတ်ဆက်ခဲ့ပေမဲ့ တာဝန်တော့ မပေးသေးပါဘူး။

Invincible အဆင့် ရေငုပ်သင်္ဘောတွေမှာ ပုံမှန်ဒီဇယ်အင်ဂျင်ထက်စာရင် လျှပ်စစ်ဓာတ်အား ထုတ်ဖို့ လောင်စာဆဲလ်တွေကို သုံးတဲ့ “လေ အမှီအခိုကင်း တွန်းကန်အား” စနစ်ကို တပ်ဆင်ထားပါတယ်။

တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့လို နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေဟာ အမြင့်ဆုံးမြန်နှုန်းနဲ့ အကွာအဝေး ပိုဝေးဝေးကို သွားနိုင်ပေမဲ့ ဒေါ်လာ ဘီလီယံများစွာ ကုန်ကျပါတယ်။

အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့ စင်ကာပူအတွက် အဆင့်မြင့် ရေငုပ်သင်္ဘောတွေဟာ စစ်ရေးလေ့ကျင့်ရာမှာ စစ်တပ်ကို ပိုကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခွင့်ပေးထားပြီး အင်ဒို-ပစိဖိတ်ဒေသထဲမှာ ပိုပြီး မကြာမကြာ အရေးပါလာစေတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013