DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ထိန်းသိမ်းရေး အခမ်းအနား တက်ရောက်
DVB
·
September 25, 2024
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ မြေမြှုပ်မိုင်းရှင်းလင်းရေးနှင့် ထိန်းသိမ်းရေး အခမ်းအနား တက်ရောက်
Donate to DVB

ဗြိတိန် တော်ဝင်မင်းသား ဆက်စ်ဇက်ခ်စ်မြို့စား ဟယ်ရီဟာ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ထိန်းသိမ်းရေးအတွက် အင်ဂိုလာနိုင်ငံရဲ့ ဦးဆောင်မှုကို အာရုံစိုက်တဲ့ နယူးယောက်မြို့က အခမ်းအနားကို စက်တင်ဘာ ၂၃ ရက်က ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီပွဲကို မင်းသားဟယ်ရီနဲ့အတူ အန်ဂိုလာ နိုင်ငံခြားဆက်ဆံရေးဝန်ကြီး တေတေ အန်တိုနီယို၊ ဒယ်လာဝဲပြည်နယ်က အမေရိကန် အထက်လွှတ်တော်အမတ် ခရစ္စတိုဖာ အေကွန်းစ်နဲ့ HALO Trust ရဲ့ အမှုဆောင်အရာရှိချုပ် ဂျိမ်းစ် ကိုဝမ်တို့ ပါဝင်ခဲ့ပါတယ်။

ဒီပွဲကို မြေမြှုပ်မိုင်းဆန့်ကျင်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ HALO Trust က ကြီးမှူးကျင်းခဲ့တာပါ။

မင်းသားရဲ့ မိခင်၊ ဝေလမင်းသမီး ဒိုင်ယာနာဟာ မကွယ်လွန်မီက အလားတူ အဖွဲ့အစည်းကို နိုင်ငံတကာက အာရုံစိုက်လာအောင် ဆောင်ရွက်ခဲ့ဖူးပါတယ်။

“အန်ဂိုလာမှာရှိတဲ့ Halo Trust ရဲ့အလုပ်က ကျနော့်အမေအတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ သူ့ရဲ့အမွေကို ဆက်ခံဖို့ဆိုတာ ကျနော် မယုံနိုင်လောက်အောင်ကို အလေးအနက်ထားရမယ့် တာဝန်တခုဖြစ်ပြီး ဒီအလုပ်ကို သူက ဘယ်လောက် ပြီးမြောက်စေချင်တယ်ဆိုတာ အားလုံးသိမယ်ထင်ပါတယ်” လို့ မင်းသားဟယ်ရီက ပြောကြားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013