DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉၀ ‌ကျော် သေဆုံး၊ လူထောင်ချီ ထွက်ပြေး
DVB
·
September 24, 2024
လက်ဘနွန်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉၀ ‌ကျော် သေဆုံး၊ လူထောင်ချီ ထွက်ပြေး
Donate to DVB

လက်ဘနွန်နိုင်ငံတဝန်းကို အစ္စရေးရဲ့ အကြီးစား လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၃ ရက်က လူပေါင်း ၄၉၂ ယောက် သေဆုံးကာ ၁,၆၄၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံတောင်ပိုင်းမှ ထောင်နဲ့ချီတဲ့လူတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။

တနင်္လာနေ့ ညပိုင်းက လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ ကလေးငယ် ၃၅ ယောက်နဲ့ အမျိုးသမီး ၅၈ ယောက် ပါဝင်ခဲ့ပါတယ်။

အစ္စရေး စစ်လေယာဉ်တွေဟာ လက်ဘနွန်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ အပြင်းအထန် စီးနင်းမှုတွေ လုပ်ခဲ့တာကြောင့် တိုင်ရာ၊ နာဘတီနဲ့ အစ်(ဂ်)လင်းမ် အယ်လ်တူဖာမြို့တွေမှ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေရွတ်မြို့တော်နဲ့ လက်ဘနွန်တောင်တန်းဒေသဆီ ထွက်ပြေးသွားကြပြီး အဓိကလမ်းမကြီးတွေမှာ အရပ်သား မော်တော်ယာဉ်တွေနဲ့ ပြည့်ကျပ်ကုန်ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားတဲ့နေရာတွေမှာ မိသားစု ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း လက်ဘနွန် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဖီရာ့စ် အဘီယာ့ဒ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ဟာ တနင်္လာနေ့ မနက်ကတည်းက လက်ဘနွန်ပစ်မှတ် ၁,၃၀၀ ကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဘေရွတ်မြို့မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး အလီကာကီ ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဟစ်ဇ်ဘိုလာ က အလီကာကီ ဘေးကင်းကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က တနင်္လာနေ့ တနေ့လုံး အစ္စရေးမြောက်ပိုင်းကို ဒုံးကျည် ၁၅၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ 

ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးစစ်တပ်တို့ဟာ  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်ကတည်းက လက်ဘနွန်-အစ္စရေးနယ်စပ်ကို ဖြတ်ကျော်ကာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေခဲ့တာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပဋိပက္ခတွေ ပိုကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ တိုးမြင့်နေကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013