DVB Logo
Home
မြန်မာသတင်း
ဘယ်လာရုစ်အာဏာရှင် လူကာရှန်ကိုက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ခေါ်
DVB
·
September 24, 2024
ဘယ်လာရုစ်အာဏာရှင် လူကာရှန်ကိုက မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ခေါ်
Donate to DVB

ဘယ်လာရုစ် အာဏာရှင်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်လိုက်တဲ့အကြောင်း Belta News သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၂၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ သဝဏ်လွှာ ပေးပို့ရာမှာ ခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကဏ္ဍများစွာမှာ အပြန်အလှန် အကျိုးရှိတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို နက်ရှိုင်းစေဖို့အတွက် ခိုင်မာတဲ့ အုတ်မြစ်ကို ချထား နိုင်ခဲ့တယ်လို့လည်း ဂုဏ်ပြုသဝဏ်လွှာမှာ ဖော်ပြထားခဲ့တာပါ။ 

ဒါ့အပြင် နှစ်နိုင်ငံ လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြီး အနာဂတ်အတွက် အစီအစဉ် တွေ ချမှတ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘယ်လာရုစ်နိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ပြောကြားထားသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာ ချမ်းသာပြီး အောင်မြင်မှုတွေနဲ့အတူ မြန်မာပြည်သူ ပြည်သားတွေ ကျန်းမာ ချမ်းသာကြပါစေ ကြောင်းလည်း ဆုမွန်ကောင်း တောင်းပေးထား ပါတယ်။

ဘယ်လာရုစ်နိုင်ငံဟာ အရှေ့ဥရောပဒေသတွင်း ကုန်းတွင်းပိတ် နိုင်ငံတနိုင်ငံဖြစ်ပြီး ရုရှား၊ ယူကရိန်းနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေကာ ၁၉၉၁ ခုနှစ်မတိုင်ခင်အထိ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုဟာလည်း နိုင်ငံကို ၁၉၉၄ ခုနှစ် ကတည်းက အုပ်ချုပ်နေတာဖြစ်ကာ ဒီနိုင်ငံကို ဥရောပရဲ့ “နောက်ဆုံးအာဏာရှင်နိုင်ငံ”လို့ သိကြသလို ဘယ်လာရုစ်အစိုးရဟာ နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာတွေ၊ မီဒီယာတွေကို ပြင်းပြင်းထန်ထန် တင်းကျပ်တာကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရတဲ့ နိုင်ငံလည်း ဖြစ် ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ၂၀၂၃ ခုနှစ်ထဲမှာ ဘယ်လာရုစ်မှာ တိုးချဲ့ ဖွင့်လှစ်ထားသလို ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို ရှုတ်ချဖို့ ကုလသမဂ္ဂရဲ့ အဆိုကို မထောက်ခံဘဲ ဆန့်ကျင်မဲပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လေ့လာစောင့်ကြည့်သူတွေရဲ့ အဆိုအရ ဘယ်လာရုစ်နိုင်ငံဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေရောင်းချနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

Source: Belta News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013