DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်မှ ကူကီးသူပုန် ၉၀၀ ခန့်ဝင်ရောက်နိုင်သဖြင့် အိန္ဒိယလုံခြုံရေး တပ်လှန့်ထား
DVB
·
September 23, 2024
မြန်မာဘက်မှ ကူကီးသူပုန် ၉၀၀ ခန့်ဝင်ရောက်နိုင်သဖြင့် အိန္ဒိယလုံခြုံရေး တပ်လှန့်ထား
Donate to DVB

မြန်မာနိုင်ငံဘက်က ကူကီးသူပုန် သံသယရှိသူ ၉၀၀ နီးပါး ဝင်ရောက်လာနိုင်ဖွယ်ရှိတယ် ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်ထဲမှာ လုံခြုံရေးတပ်လှန့်ထားတယ်လို့ အကြီးတန်း လုံခြုံရေးအရာရှိတ‌ေယာက်က ပြောလိုက်ပါတယ်။

ကူကီးအသိုက်အဝန်းကိုယ်စားပြု အဖွဲ့အစည်းတခုကတော့ အဆိုပါအရာရှိရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ Gulf Times သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မဏိပူရပြည်နယ် လုံခြုံရေးအကြံပေး ကူလ်ဒီးပ် ဆင်းကတော့ သက်ဆိုင်ရာ ထောက်လှမ်းရေးအေဂျင်စီတွေ အသီးသီးက ရရှိထားတဲ့ ဒီသတင်းအချက်အလက်တွေကို မျှဝေထားပြီး ဖြစ်သလို နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေကို တပ်လှန့်ထားပြီး ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ကူကီးကျောင်းသားအဖွဲ့ (KSO) ကတော့ မြန်မာနိုင်ငံဘက်က ကူကီးစစ်သွေးကြွတွေ ဝင်ရောက်လာကြောင်း အဆိုပါအရာရှိရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး သတင်းမှားတွေ ဖြန့်ဝေတယ်လို့ စွပ်စွဲထားခဲ့တာပါ။

“သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ ကျနော်တို့ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရတယ်။ သူ့ကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ KSO အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဏိပူရပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ ကူကီးလူမျိုးတွေဟာ မြန်မာနိုင်ငံဘက်က ချင်းမျိုးနွယ်စုတွေနဲ့ မျိုးနွယ်စု ဆက်ဆံမှု တူညီကြပြီး လတ်တလော အိန္ဒိယ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်တဲ့ ထောက်လှမ်းရေးသတင်းတွေမှာတော့ ဒရုန်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ပါဝင်တဲ့ တိုက်ခိုက်မှုတွေဟာ  ကူကီးစစ်သွေးကြွတွေက လုပ်ဆောင်တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေ ၃ ရက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း လူမျိုးရေး ပဋိပက္ခတွေကြောင့် လူပေါင်း ၃ ဒသမ ၂ သန်း နေထိုင်ရာ မဏိပူရပြည်နယ်ထဲမှာ အနည်းဆုံး လူ ၂၃၇ ယောက် သေဆုံးခဲ့ရသလို လူပေါင်း ၆၀,၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တလျှောက် နယ်စပ်ခြံစည်းရိုးတခု တည်ဆောက်ဖို့အတွက် အစိုးရက ခွင့်ပြုထားသလို လတ်တလောမှာတော့ လူမျိုးရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားရာ ဇာစ်မြစ်လို့ ဆိုနိုင်တဲ့ မဏိပူရပြည်နယ်ထဲမှာ နယ်စပ်စည်းရိုးတလျှောက် ကီလိုမီတာ ၃၀ လောက် စည်းရိုးကာရံမှုလုပ်ငန်းတွေ ပြီးစီးခဲ့တဲ့အကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှားက ပြောထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဘက်က တမူးမြို့နဲ့ နယ်စပ် မိုရေးမြို့အနီးမှာလည်း ၁၀ ကီလိုမီတာလောက် နယ်စပ်ခြံစည်းရိုး တည်ဆောက်ခဲ့ပြီးဖြစ်သလို ကျန်ရှိနေတဲ့ နောက်ထပ် ၂၁ ကီလိုမီတာလောက်ကိုလည်း မဏိပူရပြည်နယ်ထဲက တခြားနေရာတွေမှာ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013