DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးသင့်ပြည်သူပေါင်း ၈ သိန်းကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါးရှိလာ
DVB
·
September 23, 2024
မြန်မာရေဘေးသင့်ပြည်သူပေါင်း ၈ သိန်းကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူပေါင်း   ၈ သိန်းကျော်နဲ့  သေဆုံးသူ ဦးရေ  ၃၀၀ ကျော်၊ ထိခိုက်ဒဏ်ရာရဦးရေ ၁၀၀ ကျော်ရှိလာပြီလို့   ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။

လျှပ်တပြက် ရေကြီးပြီးနောက် ၁၀ ရက် အကြာမှာ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း တိုင်းဒေသကြီး/ ပြည်နယ်တွေရှိ ၆၅ မြို့နယ်မှာ နေရပ်စွန့်ခွာသူတွေ အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ လောက် ရေဘေးသင့်ခဲ့တယ်လို့ UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရေကြီးမှုကြောင့် နေအိမ်၊ အိမ်သုံးပစ္စည်း၊ ရေအရင်းမြစ်တွေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ၊ လမ်း၊ တံတား၊ ဆက်သွယ်ရေး ကွန်ရက်၊ ကျောင်း၊ ပြည်သူ့ ဝန်ဆောင်မှု အဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦတွေအပြင် ကောက်ပဲသီးနှံနဲ့ လယ်မြေတွေ ထိခိုက်မှုများပြားပြီး အလုံးစုံပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်းဆိုပါတယ်။

ရေဘေးဒဏ်ခံရတဲ့ ပြည်သူတွေကို အရေးပါတဲ့ အထောက်အပံ့တွေ ပေးအပ်နိုင်ရေးအတွက် ကနဦး တုံ့ပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီး သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံ ဆေးဝါး၊ အိမ်သုံး ပစ္စည်း၊ အဝတ်အထည်၊ အမိုးအကာနဲ့ အရေးပေါ် ကြိုတင်ပြင်ဆင်ရေးအတွက် အသက်ကယ် ပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ အလျင်အမြန် စတင်နိုင်ဖို့အတွက်  အရေးပေါ် ကယ်ဆယ်ရေး ယာယီ ညှိနှိုင်းရေးမှူးက အရေးပေါ်တုံ့ပြန်ရေး ဗဟိုရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ ၄ သန်း ခွဲဝေချထားပေးဖို့ ခွင့်ပြုပေးခဲ့ပြီး  ရန်ပုံငွေ မလုံလောက်လို့ ထပ်တိုးရန်ပုံငွေ ရရှိဖို့ အားစိုက် ကြိုးပမ်းနေတယ်လို့  ကုလသမဂ္ဂအေဂျင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာနရဲ့ မနေ့က ထုတ်ပြန်တဲ့ စာရင်းအရတော့  ရေဘေးသင့်ပြည်သူ ၅ သိန်းနီးပါး၊ သေဆုံးသူ ၃၉၂ ယောက်၊ ဒဏ်ရာရသူ ၄၈ ယောက်၊ ပျောက်ဆုံးသူ ၈၇ ယောက် ရှိတယ်လို့ သိရပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဒီထက်ပိုများနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013