DVB Logo
Home
မြန်မာသတင်း
တရုတ်အကျိုးစီးပွားမဆုံးရှုံးစေရေး တော်လှန်ရေးအင်အားစုဘက်က နိုင်ငံရေးအာမခံချက် ပေးရန်လို
DVB
·
September 23, 2024
တရုတ်အကျိုးစီးပွားမဆုံးရှုံးစေရေး တော်လှန်ရေးအင်အားစုဘက်က နိုင်ငံရေးအာမခံချက် ပေးရန်လို
Donate to DVB

အာဏာသိမ်းစစ်တပ်မပြိုလဲရေးအတွက် တရုတ်နိုင်ငံက နောင်ဆုံးအချိန်ထိ ကူညီပေးသွားနိုင်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တရုတ်အကျိုးစီးပွား မဆုံးရှုံးစေနိုင်တဲ့ နိုင်ငံရေးအာမခံချက်ကိုပေးဖို့လိုနေပြီလို့ နိုင်ငံရေးအသိုက်အဝန်းက  သုံးသပ်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီနှစ်အစောပိုင်းကစပြီး အာဏာသိမ်းစစ်ကောင်စီအပေါ် သိသိသာသာထောက်ခံ မှုမျိုးကိုပြသလာသလို စစ်ခေါင်းဆောင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ စစ်တပ်ခေါင်းဆောင်ပိုင်းတွေ ဦးဆောင်မယ့် အရပ်သားအစိုးရတရပ် ပေါ် ပေါက်လာစေပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် ဖရိုဖရဲဖြစ်လာတဲ့ မြန်မာနိုင်ငံရဲ့ စစ်ရေးနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုစားလာပါတယ်။

တဖက်မှာလည်း တရုတ်နိုင်ငံရဲ့ ဩဇာသက်ရောက်မှုအောက်မှာရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို စစ်တပ်နဲ့ဆွေးနွေးစေပြီး ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပေးထားတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ရယူဖို့ ဖိအားပေးတိုက်တွန်းမှုတွေရှိလာတာကြောင့် စစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်လာ ပါတယ်။

တရုတ်နိုင်ငံဟာ သူတို့တွေရဲ့အကျိုးစီးပွားတခုတည်းပေါ်မှာရပ်တည်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပေါ် ချဉ်းကပ်ပြီးဆောင်ရွက်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း မြန်မာနိုင်ငံထဲမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကျိုးစီးပွားတွေ အပေါ် မထိခိုက်စေတဲ့ အာမခံချက်ပေးဖို့လိုအပ်နေပြီလို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီအပေါ် ငွေကြေးအရကူညီမှုတွေ သံတမန်ရေးအရ ကူညီမှုတွေအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာအသိမှတ်ပြုမှု ရရှိနိုင်ဖို့အတွက် နေရာပေးဆက်ဆံမှုတွေအပြင် တရုတ်နိုင်ငံရဲ့ဖိတ်ကြားမှုတွေကြောင့် အာဏာသိမ်းစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တရုတ်နိုင်ငံခရီးစဉ်တွေဟာလည်း ဒီလအတွင်းမှာ ခပ်စိတ်စိတ်ရှိလာခဲ့ပါတယ်။

အဲဒီအပြင်  စစ်ကောင်စီဘက်ကလုပ်မယ့်ရွေးကောက်ပွဲကိုလည်း တရုတ်နိုင်ငံဘက်က ပံ့ပိုးကူညီပေးဖို့ သဘောတူထားပြီး ရွေးကောက်ပွဲဝင်ကြမယ့်နိုင်ငံရေးပါတီတွေ စစ်ကောင်စီရဲ့ ယန္တရားအောက်မှာ လည်ပတ်နေတဲ့ မီဒီယာအဖွဲ့အစည်းတွေနဲ့ နယ်ပယ်အစုံက အဖွဲ့အစည်းတွေကိုလည်း  တရုတ်နိုင်ငံကိုဖိတ်ကြားပြီး စစ်ကောင်စီကို ထောက်ခံတဲ့သဘောမျိုးကို သိသိသာသာဆောင်ရွက်လာ ပါတယ်။

ဒီလိုဆောင်ရွက်မှုတွေက အာဆီယံဘုံသဘောတူညီမှုအောက်ကနေ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ကြိုးစားနေတာလို့ မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုအလွန်ကာလတွေမှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ သဘောထားနဲ့ ရပ်တည်ချက်အပေါ် အာဏာသိမ်းမှုကိုဆန့်ကျင်ကြတဲ့ပြည်သူတွေနဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဘက်က လိုလားမှုမရှိသလို ကန့်ကွက်ဆန့်ကျင်မှုတွေရှိ လည်းရှိလာပါတယ်။

ISP မြန်မာက ကောက်ယူခဲ့တဲ့ တရုတ်-မြန်မာဆက်ဆံရေးအပေါ် သဘောထားအမြင်စစ်တမ်း မှာဆိုရင် မြန်မာ့မူဝါဒအသိုက်အဝန်းမှာ တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းလို့ မယူဆသူ  ၅၅ ရာခိုင်နှုန်းရှိပြီး  အိမ်နီးချင်းကောင်းလို့ ယူဆသူ   ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

အဲဒီသုသေတန စာတမ်းကို အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေ စီးပွားရေးအသင်းအဖွဲ့နဲ့ နယ်ပယ်အသီးသီးက ထင်ရှားသူတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းက လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို မေးမြန်းထားတာဖြစ်ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013