DVB Logo
Home
မြန်မာသတင်း
ညောင်ဦးမြို့က နှစ် ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး
DVB
·
September 23, 2024
ညောင်ဦးမြို့က နှစ် ၁၀၀ ကျော်သက်တမ်းရှိဘုန်းကြီးကျောင်း မီးလောင်ပျက်စီး
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့က နှစ် ၁၀၀ ကျော်သက်တမ်းရှိတဲ့ ဘုန်းကြီးကျောင်း မီးလောင်ပြီး အကုန် ပျက်စီးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ ၁၂ မိနစ်က ငှက်ပစ်တောင်ဘုရားနားမှာ မီးလောင်မှုဖြစ်တယ်လို့ သတင်းရတာကြောင့် ညောင်ဦးခရိုင်နဲ့ မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တွေ၊ မီးသတ်နဲ့ ရေသယ်ယာဉ်တွေ၊ တခြားအသင်းအဖွဲ့တွေက ရေသယ်ယာဉ်တွေအပါအဝင် စုစုပေါင်း ကား ၁၈ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

ငှက်ပစ်တောင်အရပ်မှာရှိတဲ့ ငှက်ကြီးခေါင်းချကျောင်းတိုက်ထဲက    သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ထပ် ကျောင်းဆောင် မီးလောင်နေတာဖြစ်ပြီး ည ၈ နာရီ ၂၉ မိနစ်မှာ မီးငြှိမ်းနိုင်တယ်လို့ ဆိုပါတယ်။

သတင်းရရချင်း ၃ မိနစ်အတွင်း ရောက်ခဲ့ပေမဲ့ ရေနံဝနေတဲ့ သစ်သားကျောင်းဆောင် ဖြစ်တာကြောင့် မီးကူးစက်တာမြန်ပြီး ရောက်တဲ့အချိန်မှာပဲ ကျောင်းဆောင်တခုလုံး လောင်ကျွမ်းနေပြီဖြစ်သလို ကျောင်းတခုလုံး မီးလောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့လည်း ဆိုပြီး မီးပြတ်ချိန်မှာ အဲဒီကျောင်းမှာ သီတင်းသုံးတဲ့ သံဃာတပါးက ဖယောင်းတိုင်းထွန်းတာကနေ မီးလောင်သွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ - ညောင်ဦးမီးသတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013