DVB Logo
Home
မြန်မာသတင်း
တောင်ပြိုသဖြင့် လွိုင်လင်နှင့် နမ့်စန်ကြားတွင် ကုန်ကား အစီး ၅၀၀ ခန့် ပိတ်မိနေ
DVB
·
September 22, 2024
တောင်ပြိုသဖြင့် လွိုင်လင်နှင့် နမ့်စန်ကြားတွင် ကုန်ကား အစီး ၅၀၀ ခန့် ပိတ်မိနေ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောင်ပြို လမ်းပိတ်နေလို့ မိုင်းလားသွားမယ့် ကုန်ကား အစီး ၅၀၀ လောက် လွိုင်လင်နဲ့  နမ့်စန်ကြားမှာ ပိတ်မိနေပြီး အစားအသောက် အခက်အခဲဖြစ်နေတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

တောင်ကြီးကနေ မိုင်းပွန်အထိ ကားတွေသွားလို့ရပေမယ့် မိုင်းပွန် ကျော်ပြီးရင် ခေါင်းနွဲ့တောင်ပြိုလို့ ကားလမ်းပိတ်နေတာ ၁၀ ရက်ကျော်ပြီလို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

“နမ့်စန် နဲ့ လွိုင်လင်ကြား မိုင်းလား ကုန်ကား အစီးရေ ၅၀၀ ကျော် ရပ်ထားပါတယ်။ ၁၂ ဘီးတွေပါ။ စ ပိတ်တဲ့နေ့က စက်တင်ဘာ ၉ ရက်နေ့။ ပိတ်မိနေတဲ့သူတွေက အစားအသောက်က အဓိက လိုနေတာပါ” လို့ ပြောပါတယ်။

ရေကြီး မြေပြို လမ်းပိတ်နေလို့ ခရီးသည်တွေက လွိုင်လင်အထိ လမ်းလျှောက်ဆင်းကြရပြီး လွိုင်လင်ကနေမှ ကား‌ငယ်တွေနဲ့ ခရီးဆက်ကြရတယ်လို့ ဆိုပါတယ်။

ယာဉ်မောင်းတယောက်က “လမ်းမှာ ကားတွေအတော်လေးကို အခက်အခဲ ဖြစ်နေတာက လွိုင်လင် ခေါင်းနွဲ့တောင်ပြိုလို့လေ။ အခုကတော့ တောင်ပေါ်မှာ  အစားအသောက် ပြတ်နေပါတယ်။ လမ်းကတော့ မရှင်းရသေးဘူး။ တောင်ပြိုတာက အရမ်းများတော့ ရက်အနည်းငယ်နဲ့ မပြီးနိုင်ဘူး” လို့ ပြောပါတယ်။

တောင်ပေါ်မှာ ပြန်လည်ပြင်ဆင်ရေးလုပ်ဖို့အတွက် အချိန် ၁ လခွဲလောက်ကြာနိုင်တယ်လို့ လမ်းဦးစီးဌာနက ပြောကြောင်းလည်း သူက ဆိုပါတယ်။

“လွိုင်လင်တောင်ပေါ်ကို ကယ်ဆယ်ရေးလာတဲ့သူတွေကလည်း ခြေလျင်ပဲရတယ်။ ကျနော်တို့ကတော့ လမ်းပွင့်မယ့်အချိန်အထိ မစောင့်နိုင်လို့ လွိုင်လင်ကနေ ပင်လုံ-ဟိုပုံး- ကျောက်တန်းလမ်းက ပြန်လာခဲ့လိုက်တာ” လို့ သူက ရှင်းပြပါတယ်။

မိုးများရေကြီးတာကြောင့် ခေါင်းနွဲ့ကျေးရွာအုပ်စုက ရွာ ၃ ရွာလောက်မှာ တောင်ပြိုပြီး လူ ၅၀ ကျော်သေဆုံးခဲ့သလို အိမ်ခြေ ၄၀ ကျော်မြုပ်သွားတယ်လို့လည်း သိရပါတယ်။

ဟိုပုံး ထမ်ဆန်း ဘုရားကြီးလမ်းကနေ ဝင်လာမယ်ဆိုရင်‌ ပင်လုံမြို့မဈေးကြီနားကိုရောက်ပြီး ကားငယ်တွေနဲ့ ၆ ဘီးကားကတော့ ကုန်နဲ့သွားလို့ပေမယ့် ၁၂ ဘီးကားကိုတော့ ကုန်မပါဘဲ ဖြတ်သန်းခွင့်ပြုတယ်လို့ သိရပါတယ်။

Video - သန်းတိုးအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013