DVB Logo
Home
မြန်မာသတင်း
တီးတိန်မြို့က စစ်သား ၁ ဦး သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်
DVB
·
September 22, 2024
တီးတိန်မြို့က စစ်သား ၁ ဦး သေနတ် ၂ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီတပ်သား ၁ ယောက်ဟာ သေနတ် ၂ လက် အပါအဝင် ခဲယမ်းတွေနဲ့အတူ စက်တင်ဘာ ၁၉ ရက်နေ့မှာ PDF Zoland ဆီကို အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

PDF Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အခု အလင်းဝင်လာတဲ့သူက တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက တပ်သားအဆင့်ရှိတဲ့ ဟိန်းထက်ကိုကို ဖြစ်ပါတယ်” လို့ DVB ကို အတည်ပြုပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားဟိန်းထက်ကိုကိုဟာ AM 2 စက်ကလေး သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်အိမ် ၈ ခုနဲ့ ၅.၅၆ မမ ငါးကြင်းမီးကျည် ၂ တွဲတို့နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

PDF Zoland ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ဘက်ကလည်း သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ သတ်မှတ်ထားတဲ့ ဆုကြေးငွေကိုလည်း တခါတည်းပေးအပ်ပြီးလို့ လုံခြုံတဲ့နေရာကို ရောက်ရှိနေပါပြီ။ နောက်ထပ် အလင်းဝင်ချင်ကြတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့လည်း အချိန်မရွေးလာရောက်အလင်းဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အလင်းဝင်လာကြသူတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း PDF Zoland ဆီကို အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ နီးပါးရှိနေပြီလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013