DVB Logo
Home
နိုင်ငံတကာ
ဘေရွတ်တောင်ပိုင်းတွင် အစ္စရေး တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ 
DVB
·
September 22, 2024
ဘေရွတ်တောင်ပိုင်းတွင် အစ္စရေး တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ 
Donate to DVB

ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးမှာ သောကြာနေ့မွန်းလွဲပိုင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားပြီး အယ်လ်ဂျာဇီးယားသတင်းမှာ ဖော်ပြတယ်။

တိုက်ခိုက်မှုတခုအတွင်း ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး အီဘရာဟင်မ် အာကီးလ်နဲ့ ဟစ်ဇ်ဘိုလာရဲ့ ထိပ်တန်းတပ်ဖွဲ့ဖြစ်တဲ့ ရဒ်ဝမ် အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ အကြီးတန်းတပ်မှူးတွေလည်း သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က စက်တင်ဘာ ၂၀ ရက်မှာ အတည်ပြုခဲ့ပါတယ်။

တိုက်ခိုက်မှုရဲ့ပစ်မှတ်မှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ စစ်ဆင်ရေးမှူး အီဘရာဟင်မ် အာကီးလ်ဖြစ်တယ် လို့ လက်ဘနွန်ရှိ လုံခြုံရေးသတင်းရင်းမြစ် ၂ ခုနဲ့ အစ္စရေးစစ်တပ် ရေဒီယိုတို့က ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ ဘေရွတ်မှာ ပစ်မှတ်ထား တိုက်ခိုက်မှုတခုပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။

အခုသီတင်းပတ်အတွင်း အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့အစောပိုင်းတို့မှာ လက်ဘနွန်နိုင်ငံတဝန်း ကြိုးမဲ့ဆက်သွယ်ရေး ကိရိယာတွေဖြစ်တဲ့ ပေဂျာတွေနဲ့ ဝေါ်ကီတော်ကီတွေကို ပစ်မှတ်ထားတဲ့ ပေါက်ကွဲမှုလှိုင်း ၂ ခုကို ကြုံတွေ့ခဲ့ရပြီးနောက်မှာ နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်ပါတယ်။

သောကြာနေ့ တိုက်ခိုက်မှုအတွင်း အပျက်အစီးတွေ ပြိုကျနေတဲ့ အဆောက်အအုံ ၂ ခုအောက်ရှိ လူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြောင်း အရပ်ဘက်ကာကွယ်ရေးဌာနက ပြောပါတယ်။

အာကီးလ်ဟာ ရဒ်ဝမ်အထူးတပ်ဖွဲ့ရဲ့  ယာယီတပ်မှူးဖြစ်ပြီး ရဒ်ဝမ်ယူနစ်မှ အဖွဲ့ဝင်တွေနဲ့အတူ အစည်းအဝေး လုပ်နေချိန်မှာ အသတ်ခံခဲ့ရကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေထဲက တယောက်က  ပြောကြားခဲ့ပါတယ်။

အာကီးလ်ဟာ ၁၉၈၃ ခုနှစ်တုန်းက လက်ဘနွန်မှာ မရိန်းတပ်သားတွေကို အသေခံဗုံးခွဲမှုနဲ့ ဆက်စပ်ပတ်သက်ပြီး သူ့ကိုဖမ်းဆီးခြင်းအတွက် အမေရိကန်မှ ဒေါ်လာ ၇ သန်း ဆုကြေး ထုတ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဘေရွတ်တိုက်ခိုက်မှုအပြီး အစ္စရေးမြောက်ပိုင်းမှာ လေကြောင်းရန် သတိပေးဥသြသံတွေ ထွက်ပေါ်လာကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ခဲ့သလို အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာ ဒုံးကျည်ပစ်ခတ်မှု ပြင်းထန်ကြောင်း အစ္စရေးမီဒီယာက ဖော်ပြခဲ့ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့ အစ္စရေးမြောက်ပိုင်းရှိ အဓိကထောက်လှမ်းရေးဌာနချုပ် ဆိုတဲ့နေရာကို ကတ်ယူရှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဟစ်ဇ်ဘိုလာက ပြောကြားခဲ့ပါတယ်။

လက်ဘနွန်မှ ပစ်လွှတ်တဲ့ ဒုံးကျည်အများစုကို အစ္စရေး ကာကွယ်ရေးတပ်တွေက စက်တင်ဘာ ၂၀ ရက်မှာကြားဖြတ် ဟန့်တားခဲ့ပြီး အနည်းဆုံး ဒုံးပျံတစင်းဟာ Iron Dome ကို ဖြတ်လာပြီးနောက် လမ်းမပေါ်မှာ ကျရောက် ပေါက်ကွဲပြီးနောက်မှာ လည်ထွက်သွားတာကို မြင်တွေ့ရပါတယ်။ 

ဒါဟာ ဟစ်ဇ်ဘိုလာ စစ်ဆင်ရေးမှူး အီဘရာဟင် အာကီးလ် သေဆုံးခဲ့တဲ့ ဘေရွတ်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်မှု ဖြစ်နိုင်ကြောင်းလည်း ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013