DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို ဒေါ်လာ ၃၇၅ သန်းတန် လက်နက်အကူအညီပေးရန် အမေရိကန် ပြင်ဆင်
DVB
·
September 21, 2024
ယူကရိန်းကို ဒေါ်လာ ၃၇၅ သန်းတန် လက်နက်အကူအညီပေးရန် အမေရိကန် ပြင်ဆင်
Donate to DVB

အမေရိကန်နိုင်ငံဟာ ယူကရိန်းကို ဒေါ်လာ ၃၇၅ သန်းတန် စစ်ဘက်ဆိုင်ရာအကူအညီအစီအစဉ် ပေးဖို့ ပြင်ဆင်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ၂ ဦးက ရိုက်တာကို ပြောပါတယ်။

ဒီအကူအညီပေးမှုအစီအစဉ်က ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် အရေးကြီးတဲ့ ပံ့ပိုးမှု ဖြစ်လာမှာဖြစ်ပါတယ်။ 

ဒီကူညီမှုအစီအစဉ်မှာ ကင်းလှည့် စစ်သင်္ဘာတွေ၊ HIMARS အဆင့်မြင့်ရွှေ့ရှား အမြှောက်ဒုံးစနစ် တွေနဲ့ ၁၅၅၊ ၁၀၅ မီလီမီတာ အမြှောက်ဆံနဲ့ အခြားလက်နက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ ကူညီမှုမှာ ဘာတွေ ပါဝင်မလဲဆိုတာကိုတော့ လာမယ့် ရက်သတ္တပတ်မှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ 

အမေရိကန်နိုင်ငံဟာ သမ္မတရဲ့ ခွင့်ပြုချက် PDA ကိုအသုံးပြုပြီး မေလကတည်းက ဒေါ်လာ ၂၇၅ သန်းထက် ပိုတဲ့ အကူအညီပေးမှုတွေ မပြုလုပ်ခဲ့တာကြောင့် ဒီအကူအညီအစီစဉ်က မေလ နောက်ပိုင်း အများဆုံးဖြစ်လာမှာဖြစ်ပါတယ်။ 

ဩဂုတ်လက ယူကရိန်းတပ်တွေ ရုရှားနိုင်ငံအတွင်း ဝင်ရောက်မှုနဲ့ ရုရှားက ယူကရိန်း အရှေ့ပိုင်းကို ဝင်ရောက်ခဲ့မှုတို့အတွက် အမေရိကန်က အကူအညီအစီအစဉ် ၂ ခုပေးခဲ့တာတွေ့ရပါတယ်။

ဒီကူညီမှု အစီအစဉ် ၂ ခုဟာ ၁ ခုကို ဒေါ်လာ ၁၂၅ သန်း ရှိကြောင်း ဖော်ပြပါတယ်။ ယူကရိန်းကို PDAရဲ့ ခွင့်ပြုချက်နဲ့ ငွေကြေးထေက်ပံ့ပေးမှုက ဒီလာမှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းအရေးကျွမ်းကျင်တဲ့ လွတ်တော်ခေါင်းဆောင်တွေနဲ့ ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံတန် ပံ့ပိုးမှုပေးရေး သဘောတူညီမှုကို ၁ နှစ်သက်တမ်းတိုးဖို့ ဆွေးနွေးဖွယ်ရှိပါတယ်။

Source-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013