
လက်ရှိ ချဲလ်ဆီးတိုက်စစ်ကစားသမား အလက်ဟန်ဒရိုဂါနာချိုက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတာဟာ သူ့အတွက် စိတ်ထိခိုက်စရာဖြစ်ခဲ့ပြီး အဲဒီအချိန်က သူလုပ်ခဲ့တဲ့ အမှားအယွင်း တချို့အတွက်လည်း နောင်တရမိကြောင်း ပြောကြားလိုက်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့နွေရာသီက မန်ယူနည်းပြဟောင်း ရူဘင်အာမိုရင်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ပေါင်သန်း ၄၀ နဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့တာပါ။
ဂါနာချိုက "ယူနိုက်တက်ဟာ ကျနော့်ကို ငယ်စဉ်ကတည်းက ယုံကြည်မှုပေးခဲ့တဲ့ကလပ်မို့လို့ အခုလို ထွက်ခွာခဲ့ရတာက တကယ်ပဲ နာကျင်ရပါတယ်။ အဲဒီအချိန်က ကျနော် ပွဲတိုင်းကစားချင်တဲ့စိတ်နဲ့ အမှားအယွင်းတချို့ လုပ်ခဲ့မိတယ်" လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ ဂါနာချိုဟာ ချဲလ်ဆီးအတွက် ၃၇ ပွဲမှာ ၈ ဂိုး သွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ ကြိုးစားနေပါတယ်။
Source: Reuters











