DVB Logo
Home
နိုင်ငံတကာ
ဒရုန်းများကို ၁၀ ဆ တိုးမြှင့်ထုတ်လုပ်နေဟု ရုရှားသမ္မတ ပြော
DVB
·
September 20, 2024
ဒရုန်းများကို ၁၀ ဆ တိုးမြှင့်ထုတ်လုပ်နေဟု ရုရှားသမ္မတ ပြော
Donate to DVB

ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ အောင်ပွဲခံဖို့ သေချာစေအောင် ရုရှားဟာ အခုနှစ်အတွင်း ဒရုန်းထုတ်လုပ်မှုကို ၁၀ ဆတိုးပြီး ၁ ဒသမ ၄ သန်းနီးပါးအထိ မြှင့်တင်လုပ်ဆောင်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုမှာ အမျိုးအစားစုံ ဒရုန်း စုစုပေါင်း ၁၄၀,၀၀၀ လောက်ကို လက်နက်ကိုင် တပ်ဖွဲ့တွေဆီ ပေးပို့ခဲ့ပြီး ဒီနှစ်မှာတော့ ဒရုန်းထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်ဖို့၊ အတိအကျပြောရရင် ၁၀ ဆ နီးပါးတိုးမြှင့်ဖို့ စီစဉ်ထားတယ်လို့ စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒရုန်းထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ပူတင်က ပြောကြားခဲ့တာပါ။

စစ်မြေပြင်မှာ ဒီတောင်းဆိုချက်တွေကို မြန်မြန်တုံ့ပြန်နိုင်ရင် ဘယ်သူမဆို အနိုင်ရမှာပါလို့လည်း ဆိုပါတယ်။

“မောင်းသူမဲ့စနစ်တွေကို တိုးချဲ့လာနေတော့ မောင်းသူမဲ့လှေတွေကိုလည်း ဖန်တီးနေပြီး ဘက်စုံသုံးအတွက် စက်ရုပ်ပလက်ဖောင်းတွေကို ဒီနေ့မှာ တွေ့နေရပြီ” လို့ ပူတင်က ပြောပါတယ်။

တချိန်တည်းမှာပဲ အဲဒီထဲက အများစုကို တိုက်ခိုက်ရေး ထိတွေ့လမ်းကြောင်းရှိ တပ်ဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ စက်တင်ဘာ ၁၉ ရက်က စိန့်ပီတာစဘတ်မြို့ရှိ ဒရုန်းများ ထုတ်လုပ်ရေးနဲ့ အီလက်ထရွန်နစ် စစ်ဆင်ရေးဆိုင်ရာ လုပ်ငန်းတခုကိုလည်း သွားရောက်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေး ဘဲလိုဆော့ဗ် အပါအဝင် အရာရှိ အများအပြားနဲ့ ဝန်းရံလိုက်ပါသွားတဲ့ ပူတင်ဟာ စက်ရုံကို စစ်ဆေးခဲ့ပြီး အဲဒီမှာ အမျိုးအစားစုံ ဒရုန်းတွေနဲ့ တခြားထုတ်လုပ်မှုတွေကို ပြသထားပါတယ်။

ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံစလုံးဟာ နိုင်ငံခြားဒရုန်း အမြောက်အမြားကို ဝယ်ယူခဲ့ပြီး သူတို့ရဲ့ ပစ်မှတ်မှုအမျိုးမျိုးအတွက် ကိုယ်ပိုင်ထုတ်လုပ်မှုကိုလည်း မြှင့်တင်ခဲ့ပါတယ်။

သူတို့ဟာ အမြောက်တွေနဲ့ လက်နက်တိုက်တွေကို ဖျက်ဆီးခြင်းကနေ စွမ်းအင် အခြေခံအဆောက်အအုံနဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ခြင်းအထိ ပစ်မှတ်တွေကို တိုက်ခိုက်နေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013