DVB Logo
Home
မြန်မာသတင်း
အင်းစိန် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ
DVB
·
September 20, 2024
အင်းစိန် ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က Yangon Army (YA) နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရုံးအတွင်း ထိခိုက်မှု ပြင်းထန်နိုင်တယ်လို့ Yangon Army ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မြေပြင်အတည်ပြုချက်အရ ထိခိုက်မှုတွေရှိပါတယ်။ ဘယ်သူတွေထိခိုက်လဲ ဆိုတာပဲ မသိရသေးတာ။ သေသေချာချာ ကြည့်ပြီးမှ ဆောင်ရွက်ခဲ့တာမို့လို့ ထိရောက်ပါတယ်။ ရပ်ကွက်ရုံး အတွင်းကိုလည်း ရောက်အောင် ပစ်နိုင်ခဲ့ပါတယ်။”

ပစ်ခတ်တိုက်ခိုက်ချိန် ရပ်ကွက်ရုံးအတွင်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ ရှိနေတယ်လို့ သိရပါတယ်။

နောက်ထပ်လည်း စစ်ကောင်စီ အပါအဝင် စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှကိုလည်း ထိထိရောက်ရောက် တိုက်ခိုက်သွားမယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း Yangon Army (YA) နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မှော်ဘီမြို့နယ် ပြည်လမ်းမပေါ်က တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း ကင်းဂိတ်ကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013