DVB Logo
Home
မြန်မာသတင်း
အလုပ်သမားလွှဲပို့ငွေ အထောက်အထား မတင်ပြနိုင်သည့် အေဂျင်စီ ၈၁ ခု အရေးယူခံရ
DVB
·
September 20, 2024
အလုပ်သမားလွှဲပို့ငွေ အထောက်အထား မတင်ပြနိုင်သည့် အေဂျင်စီ ၈၁ ခု အရေးယူခံရ
Donate to DVB

ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုဆီလွှဲငွေ အထောက်အထား သတ်မှတ်ရာခိုင်နှုန်း ပြည့်အောင် မတင်ပြနိုင်တဲ့ အေဂျင်စီ ၈၁ ခုကို အရေးယူထားတယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လွှဲပို့ငွေအထောက်အထား သတ်မှတ်ရာခိုင်နှုန်းပြည့်အောင် မတင်ပြနိုင်တဲ့ အေဂျင်စီ ၇၅ ခုရှိပြီး နောက်ထပ် အေဂျင်စီ ၆ ခုက တင်ပြဖို့ ပျက်ကွက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအေဂျင်စီတွေကို အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ခွင့်ကို ခေတ္တဆိုင်းငံ့ အရေးယူထားတာလို့ ဆိုပါတယ်။

တခြားအေဂျင်စီ ၁၅၀ ကတော့ ငွေပို့ငွေအထောက်အထား သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင် တင်ပြနိုင်လို့ စေလွှတ်ရေးလုပ်ငန်းစဥ်တွေကို ပုံမှန်အတိုင်း ဆောင်ရွက်ခွင့် ပြုထားတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် စက်တင်ဘာကနေ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုဆီလွှဲပို့ငွေ အထောက်အထားကို တောင်းယူနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လစဥ် စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ ငွေလွှဲပို့မှု အခြေအနေ အထောက်အထားကိုလည်း တောင်းယူနေပြီး ပေးပို့ဖို့ ပျက်ကွက်ရင် အရေးယူမယ်လို့ သတိပေးထားပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “စေလွှတ်တဲ့ဦးရေအတိုင်း တဦးချင်း အချက်အလက်တွေ မဖြစ်မနေ ပေးနေရတာ။ အလုပ်သမားနဲ့ ဆက်သွယ်မရရင် အေဂျင်စီတွေ ကြားထဲက အခက်တွေ့ရောပဲ။ စာရင်းညာလို့လည်း မရဘူး။ စေလွှတ်ဦးရေမရှိရင် မရှိတဲ့အကြောင်း သတင်းပို့ရတယ်” လို့ ပြောပါတယ်။

အဲဒီလို စစ်ကောင်စီက ဖိအားပေးနေတာကြောင့် အေဂျင်စီတချို့မှာ ပြည်ပအထိ သွားရောက်ပြီး စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေကို တွေ့ဆုံကာ တရားဝင် ငွေလွှဲပို့ဖို့ စည်းရုံးနေကြရတယ်လို့ အဲဒီလုပ်ငန်း အသိုက်အဝန်းက ဆိုပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတယောက်က “တခြားစက်ရုံတွေမှာ အေဂျင်စီကလူတွေ လာပြီး ငွေလွှဲဖို့ ကိစ္စ ပြောတယ်ကြားတယ်။ ကိုယ်တွေအေဂျင်စီကတော့ ဆက်သွယ်လာတာ မရှိသေးဘူး။ လွှဲခိုင်းလည်း ကိုယ့်စိတ်နဲ့ကိုယ်လေ။ ဘဏ်ငွေစျေးနဲ့ အပြင်ပေါက်ကြေးက ဒီလောက်ကွာနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ပြည်ပရောက် အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ တရားဝင်လွှဲပို့ဖို့ ညွှန်ကြားထားပါတယ်။

အဲဒီလို လွှဲပို့ဖို့ ပျက်ကွက်ရင် နောက်တကြိမ် အလုပ်နဲ့ ပြည်ပထွက်ခွာခွင့် အကန့်အသတ်နဲ့ ပိတ်တာ၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ထုတ်မပေးတာမျိုးနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက သြဂုတ်လကုန်ပိုင်းမှာ အမိန့်ထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013