ပြည်ပရောက်လုပ်သား လွှဲပို့ငွေ ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံကျော် ရရှိ

‘၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ တရားဝင် လွှဲပို့ငွေကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅,၃၇၄ (၅ ဒသမ ၃၇ ဘီလီယံကျော်) အထိ ရရှိခဲ့တယ်လို့ စစ်အာဏာရှင် ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၂,၁၄၄ ရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် ၂ ဆခွဲနီးပါး တိုးမြင့်လာတာ ဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့ ဘဏ္ဍာနှစ်အလိုက် ကိန်းဂဏန်းတွေအရ ပြည်ပရောက်လုပ်သားတွေရဲ့ လွှဲပို့ငွေဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၁,၆၂၈၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ သန်း ၁,၄၇၄ နဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ သန်း ၂,၁၄၄ အသီးသီး ရှိခဲ့ရာကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာတော့ သန်း ၅,၃၇၄ အထိ သိသိသာသာ မြင့်တက်လာတာပါ။
တဖက်မှာလည်း ပြည်ပရောက်အလုပ်သမားတွေကို လွှဲပို့ငွေ အထောက်အထားပြနိုင်မှ ပတ်စ်ပို့ သက်တမ်းတိုးပေးတာ၊ ပြန်လည်ထွက်ခွာခွင့်ပြုတာမျိုးနဲ့လည်း စစ်အာဏာရှင်အစိုးရက အကျပ်ကိုင်ထားပါတယ်။











