DVB Logo
Home
မြန်မာသတင်း
အပူပိုင်းမုန်တိုင်း ‘ဆိုးလစ်ခ်’ အားလျော့၊ ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်
DVB
·
September 20, 2024
အပူပိုင်းမုန်တိုင်း ‘ဆိုးလစ်ခ်’ အားလျော့၊ ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်
Donate to DVB

အပူပိုင်းမုန်တိုင်း ‘ဆိုးလစ်ခ် (SOULIK)’ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ပြီး နောက် ၂၄ နာရီအတွင်း အကြွင်းအကျန်တိမ်တိုက်နဲ့ လေပွေလှိုင်းတွေ မြန်မာနိုင်ငံကို ဆက်လက်ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ မိုးဇလဌာနက စက်တင်ဘာ ၂၀ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသကို ဖြတ်ကျော်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ်ဟာ အနောက်ဘက်ကို ရွေ့လျားခဲ့ပြီး လာအိုနိုင်ငံ အလယ်ပိုင်းဒေသကို ဆက်လက် ဖြတ်ကျော်ခဲ့ကာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားခဲ့ကာ အနောက်ဘက်ကို ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ လေဖိအားနည်း ဆဲလ်အဖြစ် အားလျော့သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နောက် ၂၄ နာရီအတွင်း အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းတွေ မြန်မာနိုင်ငံ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီကနေတဆင့် အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုး အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေတယ်လို့ ဆိုပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၀ ပေ ရှိနိုင်တယ်၊ ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေ ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013