DVB Logo
Home
နိုင်ငံတကာ
စစ်ဆင်ရေး၌ အရပ်ဘက်သုံးပစ္စည်းများ ကြားခံအသုံးပြုမှု ကုလအကြီးအကဲ ကန့်ကွက်
DVB
·
September 19, 2024
စစ်ဆင်ရေး၌ အရပ်ဘက်သုံးပစ္စည်းများ ကြားခံအသုံးပြုမှု ကုလအကြီးအကဲ ကန့်ကွက်
Donate to DVB

စစ်ရေးစစ်ဆင်ရေးတွေမှာ  အရပ်ဘက်ပစ္စည်းတွေကို ကြားခံအဖြစ် အသုံးချတာဟာ အန္တရာယ်များတဲ့ လမ်းကြောင်းဖြစ်လို့ ဆန့်ကျင်ကန့်ကွက်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၁၈ ရက် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတိပေး ပြောကြားလိုက်ပါတယ်။

လက်ဘနွန်နိုင်ငံတဝန်းမှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ တရက်စီသာခြားပြီး ကြိုးမဲ့ဆက်သွယ်ရေးကိရိယာတွေဖြစ်တဲ့ ပေဂျာတွေနဲ့ ဝေါ်ကီတော်ကီ စကားပြောစက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် လူအသေအပျောက်များပြီး ဒဏ်ရာရရှိသူလည်း ထောင်နဲ့ချီ များပြားခဲ့တာပါ။

ဒီတိုက်ခိုက်မှုတွေမှာ အရပ်ဘက်သုံး ဆက်သွယ်ရေးကိရိယာတွေကို ကြားခံအဖြစ် အသုံးချခဲ့တာဟာ အနာဂတ်စစ်ပွဲအတွက် အန္တရာယ်ရှိတဲ့ စံနမူနာ ဖြစ်နိုင် မဖြစ်နိုင် သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာ ဂူတာရက်စ်က အရပ်သားသုံးပစ္စည်းတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့၊ အရပ်သားပစ္စည်းတွေကို လက်နက်အဖြစ် အသုံးမချဖို့က အရမ်းအရေးကြီးတယ်လို့ ထင်မြင်ကြောင်းနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အစိုးရတိုင်းက အကောင်အထည်ဖော်နိုင်တဲ့ စည်းမျဉ်းတခု ဖြစ်သင့်တယ်လို့ ထင်ကြောင်း ဖြေကြားသွားပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်ချက်တခုမှာတော့ ဟစ်ဇ်ဘိုလာက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ရာဇဝတ်မှုတွေအတွက် အစ္စရေးမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ စွပ်စွဲကာ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အစ္စရေးကတော့ အဲဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးသေးပါဘူး။ အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် ကတော့ အစ္စရေးဟာ ဟစ်ဇ်ဘိုလာကို ဆန့်ကျင်တိုက်ခိုက်မယ့် စစ်ပွဲအသစ်ကို အစပြုနေပြီလို့ မနေ့က  ကြေညာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013