DVB Logo
Home
မြန်မာသတင်း
မင်းကင်းတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး၊ ကနီမြစ်ကမ်းဘေးရွာများ စစ်ဘေးရှောင်
DVB
·
September 18, 2024
မင်းကင်းတွင် ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး၊ ကနီမြစ်ကမ်းဘေးရွာများ စစ်ဘေးရှောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ကနေ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၉ စီးပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၇ ရက် ညနေ ၆ နာရီမှာ မင်းကင်းမြို့နယ်၊ ယားကျေးရွာကို ဝင်‌ရောက်ပြီး ပြည်သူ ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ မင်းကင်းဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူ ၃ ယောက်ကို စစ်တပ်က သင်္ဘောနဲ့ ခေါ်ဆောင်သွားတာလား၊ သတ်ပစ်ပြီး ချင်းတွင်းမြစ်အတွင်း ချခဲ့တာလား ဆိုတာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

မင်းကင်းဒေသခံတယောက်က “ကလေးဝကနေ စုန်လာပြီး မင်းကင်းက စစ်သား၊ ရဲနဲ့  ထွေအုပ်မိသားစုတွေ၊ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေ တင်ပြီးတော့ အောက်ပိုင်းကို စုန်တယ်။ တောင်ဖြူရွာဆိပ်ကမ်းနဲ့ ပန်းဆက်ရွာဆိပ်ကို စစ်သင်္ဘော ၉ စီးစလုံး ညအိပ်တယ်။ အဲလိုညအိပ်ပြီး ညနေ ၆ နာရီလောက်ကျ‌ေတာ့ ချင်းတွင်းမြစ် တဖက်ကမ်း ယားရွာဘက်ကမ်းကို စက်လှေတွေနဲ့ကူးပြီး ရွာထဲကို ဝင်မွှေနှောက်တယ်။ ‌လွတ်အောင်ပြေးသူက ပြေးနိုင်ခဲ့တယ်။ သူတို့နဲ့ ထိပ်တိုက်တိုးပြီး အဖမ်းခံရသူလည်း ရှိတယ်။ ဖမ်းတဲ့သူ အကုန်လုံးကိုတော့ ခေါ်မသွားဘူးဗျ။ သီဟကျော်ရယ်၊ ထင်အောင်ကျော်ရယ်၊ ကိုသန်းအောင်ရယ် အဲဒီ ၃ ဦးကိုတော့ ဖမ်းဆီးသွားတယ်။ သေသလား၊ ရှင်သလားတော့ မသိရသေးဘူး။ သူတို့ကို ဘာလို့ဖမ်းတာလဲ ဆိုတော့ သူတို့လက်သုံးစကားအတိုင်း PDF ဆိုတဲ့ ထင်ကြေးနဲ့ ဖမ်းတာဖြစ်မယ်။ အမှန်က PDF မဟုတ်ပါဘူးဗျာ” လို့ ပြောပါတယ်။

စစ်သ‌င်္ဘော ၉ စီးဟာ စက်တင်ဘာ ၁၈ ရက်မှာ တောင်ဖြူရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ် အောက်ပိုင်း ကနီနယ်ဘက်ကို ဆက်လက်စုန်ဆင်းနေပြီး မြစ်ကမ်းဘေး ရွာတွေဆီကို ရမ်းသန်းပစ်ခတ်တာကြောင့် မြစ်ကမ်းဘေးကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာ နေရပါတယ်။

ကင်းကျေးရွာသားတယောက်က “ကြိုရှောင်ထားကာမှ တော်ကာကြမယ်။ ဒီကောင်တွေက အဆန်တုန်းကလည်း ရွာတွေဘက်ပစ်တယ်။ အခု အစုန်လည်း ရွာတွေဘက်ပစ်တယ်။ သူတို့ အောက်ဘက်ရောက်သွားရင်တော့ ကိုယ့်ရွာထဲကို ပြန်နေလို့ရပြီ‌။ အခုဟာက ယာယီစစ်ရှောင်ရတဲ့ သဘောပါပဲ။ အခုအချိန်အထိတော့ ပြည်သူအထိအခိုက်တော့ မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်သင်္ဘော ၉ စီးဟာ ကနီမြို့အောက်ဘက် နတ်ကြီး၊ မုဌော၊ ချိုင် စတဲ့ ကျေးရွာဘက်အထိ ရှောက်ရှိသွားပြီး နတ်ကြီး၊ မုဌော၊ ချိုင်၊ ဝက်ချောင်းကလေး၊ မင်းအို၊ အိုင်တောင် စတဲ့ရွာတွေက ဒေသခံတွေ ယာယီ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013