DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် ရေကြီးပြီး အိမ်ခြေ ၂၀၀ ခန့် ရေထဲမျောပါ၊ အကူအညီများလိုအပ်
DVB
·
September 18, 2024
မင်းပြားတွင် ရေကြီးပြီး အိမ်ခြေ ၂၀၀ ခန့် ရေထဲမျောပါ၊ အကူအညီများလိုအပ်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ  စက်တင်ဘာ ၁၄ ရက်ကစပြီး ရုတ်တရက် ရေကြီးလို့ အိမ်ခြေ ၂၀၀ လောက် ရေစီးနဲ့အတူ မျောပါသွားခဲ့တာကြောင့် ဒေသခံတွေအနေနဲ့ အကူအညီတွေ လိုအပ် နေကြောင်း ရေဘေးကူညီပေးနေသူတွေထံက သိရပါတယ်။

လက်ရှိ မင်းပြားမြို့နယ်ထဲက ကျေးရွာပေါင်း ၈ ရွာရှိ အိမ်ခြေ ၂၀၀ လောက်က ရေဘေးသင့်ပြည်သူ ၁,၀၀၀ နီးပါးမှာ အရေးပေါ် စားနပ်ရိက္ခာတွေနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ရေဘေးကူညီဆောင်ရွက်ပေးနေသူတယောက်က ပြောပါတယ်။

“ဒီဘက်မှာက ရေဘေးကူညီမယ့်သူက မရှိသလောက်ပါပဲ။ ရေကလည်း ရုတ်တရက်ကြီး ဝေါကနဲဆို ရေကာတာဖွင့်ချလိုက်တဲ့ပုံမျိုး ဆိုတော့ တချို့ အဝတ်တထည် ကိုယ်တခုနဲ့ ​ကိုယ်လွတ် ရုန်းရတာပေါ့။ ဗမာပြည်မှာက ရေကြီးရင် ကူညီကယ်ဆယ်ရေးတွေ အလှူရှင်တွေ အများကြီး ရှိနေပေမဲ့ ရခိုင်ပြည်မှာက အဲဒီလိုတွေ မရှိတော့ စိတ်မကောင်းဖြစ်မိတာပေါ့။”

ရေစီးနဲ့မျောပါတာကြောင့် မင်းပြားမြို့နယ် နတ်ထောက်ရွာဟောင်းက ၅၃ အိမ်၊ ကျေးမကျေးရွာက ၃၂ အိမ်၊ ကိုင်းကြီးရွာက ၄ အိမ်၊ ပြင်းဝကျေးရွာက ၂၈ အိမ်၊ ဇိုင်ချောင်းမှ ၉ အိမ်၊ သရက်အုပ်မှ ၁၇ အိမ်၊ အထက်ခချီးမြောင်မှ ၁၂ အိမ်နဲ့ အောက်ခချီးမြောင်မှ ၁၆ အိမ်တို့က ရေဘေးသင့်သူတွေ အနေနဲ့ လက်ရှိနေထိုင်ဖို့ အမိုးအကာတွေ မရှိတာကြောင့် ငှက်ပျောရွက်တွေ၊ ဝါးရွက်တွေ မိုးပြီး နေထိုင်နေရကြောင်း သိရပါတယ်။

ဒါ့အပြင် ရေကြီးနစ်မြုပ်မှုကြောင့် မင်းပြားမြို့နယ်ထဲက ကျေးရွာတော်တော်များများ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရရှိတာကြောင့် အသေးစိတ် ဒေတာအချက်အလက်တွေ မရရှိနိုင်သလို အဆက်အသွယ်မရရှိသေးတဲ့ ကျေးရွာတချို့လည်း ကျန်ရှိနေသေးကြောင်း ရေဘေးကူညီ ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က စတင်ပြီး စက်တင်ဘာ ၁၅ ရက်အထိ မင်းပြားမြို့နယ်ထဲမှာ လက်ပံကိုင်းချောင်းရေ မြင့်တက်ခဲ့လို့ ချင်းရွာတွေဖြစ်ကြတဲ့ လက်ပံကိုင်း၊ နတ်ကံပြင်၊ တရဂူရွာသစ်နဲ့ တရဂူရွာဟောင်း စတဲ့ ကျေးရွာ ၄ ရွာမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁,၀၀၀ ဝန်းကျင်ခန့် ရေဘေးသင့်ခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013