DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ရေ ပြန်ကျသဖြင့် ဘားအံ ကယ်ဆယ်ရေးစခန်း ၄ ခုက ပြည်သူများ အိမ်ပြန်
DVB
·
September 18, 2024
သံလွင်မြစ်ရေ ပြန်ကျသဖြင့် ဘားအံ ကယ်ဆယ်ရေးစခန်း ၄ ခုက ပြည်သူများ အိမ်ပြန်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေ ပြန်လည်ကျဆင်းနေတာကြောင့် ကယ်ဆယ်ရေးစခန်း ၁၄ ခုထဲမှာ စခန်း ၄ ခုက ရေဘေးသင့်ပြည်သူတွေ အခြေခံစားသောက်ကုန် ၃ ရက်စာနဲ့အတူ နေအိမ်ကို ပြန်သွားပြီလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဘားအံမြို့မှာ တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရပ်ကွက် ၉ ခုလုံး ရေဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု ၃,၀၀၀ နီးပါး လူဦးရေ ၁၁,၀၀၀ ကျော်ဟာ ရေဘေးသင့်ခဲ့ပါတယ်။

ရေဆက်လက်ကျဆင်းနေတာကြောင့် စခန်း ၄ ခုက ရေလွတ်တဲ့ ပြည်သူတွေ အခြေခံစားသောက်ကုန် ၃ ရက်စာနဲ့ နေအိမ်ကို ပြန်သွားပြီလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

“စခန်းတွေကနေ ပြန်ကုန်ကျပြီ။ တဖြည်းဖြည်းချင်း အနိမ့်ပိုင်းကလူတွေလောက်ပဲ ကျန်သေးတယ်။ စိုးရိမ်အမှတ်က ၇၅၀ ဆိုတော့ အခု ၈၃၆ ဆိုတော့ ကျန်သေးတယ်။ အနိမ့်ပိုင်းတွေ ဆင်းလို့မရသေးဘူး။ စခန်းက ၁၄ ခုကို ၄ ခုလောက်က ပြန်ဆင်းသွားပြီ။ အစိုးရအဖွဲ့က ရေဘေးသင့်စခန်းကနေ ပြန်သွားသူတွေကို အခြေခံစားသောက်ကုန် ၃ ရက်စာ ထောက်ပံ့ပေးလိုက်တယ်။”

စက်တင်ဘာ ၁၈ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်အရ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ၈၃၆ စင်တီမီတာကို ပြန်လည်ကျဆင်းနေပြီး ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅၀ စင်မီတာအထက်မှာ ရှိနေဆဲဖြစ်ပါတယ်။ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်အတွင်း တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်နဲ့ ပတ်သက်ပြီး ဘားအံမြို့မှာ သတိပေးထားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ကို စစ်တောင်းမြစ်ရေ ဝင်ရောက်ပြီး မြစ်ကမ်းနံဘေး နေထိုင်တဲ့ ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက် ၂၃  ခုက လူဦးရေ ၃၀,၀၀၀ လောက်ဟာ ကယ်ဆယ်ရေးစခန်း ၄၀ လောက်မှာ ခိုလှုံနေရပါတယ်။ လက်ရှိ ရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ သောက်သုံးရေ အခက်အခဲအပြင် အရေပြားရောဂါ ဖြစ်ပွားတာတွေ ရှိတယ်လို့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

“ရေကတော့ ကျသွားပြီ။ ကယ်ဆယ်ရေးစခန်းတွေမှာ လူတွေရှိသေးတယ်။ အိမ်တွေက နေလို့မရသေးဘူး။ ပြန်လည်ထူထောင်ရေး ပြန်လုပ်ရမယ်။ အိမ်တွေကျွတ်ပြီး ပါတဲ့သူတွေ ရှိတယ်။ အိုးအိမ်ပျက်စီးမှုက ၅၀ လောက်ရှိမယ်။ တောင်ငူခရိုင်ထဲမှာ အလုံးလိုက်ပါတာတွေ။ ဆုံးရှုံးမှုကတော့ အများကြီးပဲ။ နောက်ပြီးတော့ သောက်သုံးရေခက်ခဲတယ်။ ရေတက်သွားတဲ့အတွက် တွင်းရေ၊ သုံးရေ အကုန်လုံးက သုံးလို့မရဘူး။ ဝမ်းရောဂါ ဖြစ်ပွားတာက သိပ်မတွေ့ရသေးဘူး အနည်းအကျဉ်းပါပဲ။ အရေပြားရောဂါတွေ ဖြစ်နေပြီ။”

တောင်ငူမြို့မှာ စက်တင်ဘာ ၁၆ ရက်အထိ ရပ်ကွက်အတွင်းက ရေနစ်သေဆုံးသူ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိထားပါတယ်။ စက်တင်ဘာ ၁၈ ရက်အထိ တောင်ငူမြို့မှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရေအများအပြား ကျန်ရှိနေသေးတာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အခက်အခဲတွေရှိတယ်လို့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013