DVB Logo
Home
နိုင်ငံတကာ
ပေါ်တူဂီ တောမီးကြောင့် မီးသတ်သမား ၃ ဦး အပါအဝင် ၇ ဦး သေဆုံး
DVB
·
September 18, 2024
ပေါ်တူဂီ တောမီးကြောင့် မီးသတ်သမား ၃ ဦး အပါအဝင် ၇ ဦး သေဆုံး
Donate to DVB

ပေါ်တူဂီနိုင်ငံမှာ တောမီးလောင်မှုကြောင့် မီးသတ်သမား ၃ ယောက် အပါအဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့အပတ်ကတည်းက တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်တဲ့ တချို့နေရာတွေမှာ ၃၀ ဒီဂရီစင်တီဂရိတ်အထိ ရှိပါတယ်။

တောမီးက ပေါ်တူဂီနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီ အလယ်ပိုင်းမှာ မီးသတ်သမား အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး မီးသတ်သမားပေါင်း ၅,၀၀၀ ကျော် မီးငြှိမ်းသတ်နေရပါတယ်။

ပေါ်တိုနဲ့ မြောက်ပိုင်းမှာရှိတဲ့ အေဗီရိုတို့ကြားမှာ မီးလောင်ပြင်က ဧက ၁၀,၀၀၀ ကျော် ရှိတယ်လို့ ပေါ်တူဂီသတင်းဌာနတခုဖြစ်တဲ့ လူဆာက ကြေညာထားပါတယ်။

အင်္ဂါနေ့က မီးလောင်တဲ့နေရာ ၆၅ နေရာရှိတယ်လို့လည်း ပေါ်တူဂီ အမျိုးသား ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ အသက်ရှူရခက်တဲ့ ပြဿနာတွေ ကြုံတွေ့ရပါတယ်။ မီးငြှိမ်းသတ်မှုမှာ မီးသတ်သမား ၁၂ ယောက် ဒဏ်ရာရခဲ့ပြီး ၂ ယောက် ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ တောမီးလောင်မှုကြောင့် ပြီးခဲ့တဲ့နေ့က အိမ် ၁၂ လုံးကျော် မီးလောင်တဲ့အထဲ ပါသွားခဲ့ပြီး လစ္စဘွန်း၊ ပေါ်တိုတို့က အဓိကလမ်းတွေကို ပိတ်ထားခဲ့ရပါတယ်။

တောမီးကူးစက်လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ လေယာဉ်နဲ့ မီးငြှိမ်းသတ်မှု အကြိမ် ၃၀ ပြုလုပ်ထားသလို မီးသတ်ကား ၁,၅၀၀ အသုံးပြုနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013