DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် ဆန္ဒပြသည့် ဆမ်ဆောင်းအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
September 17, 2024
အိန္ဒိယတွင် ဆန္ဒပြသည့် ဆမ်ဆောင်းအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်၊ ချန်နိုင်းမြို့အနီးရှိ ဆမ်ဆောင်း အီလက်ထရွန်းနစ် အိမ်သုံးလျှပ်စစ်ပစ္စည်းစက်ရုံက လုပ်ခလစာနည်းလို့ ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ စက်တင်ဘာ ၁၆ ရက်မှာ ခွင့်ပြုချက်မရှိဘဲ ချီတက်သပိတ်မှောက်ဖို့ စီစဉ်နေတာကြောင့် အိန္ဒိယရဲတပ်ဖွဲ့က ဆန္ဒပြအလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးလိုက်ကြောင်း ရဲအရာရှိတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ မြင့်မားတဲ့လုပ်ခကို လိုချင်ကြပြီး ၇ ရက်ကြာ သပိတ်မှောက်ခဲ့မှုကြောင့် ဆမ်ဆောင်းရဲ့ နှစ်စဉ် အိန္ဒိယဝင်ငွေ ဒေါ်လာ ၁၂ ဘီလီယံရဲ့ အကြမ်းဖျဉ်း ၃ ပုံ ၁ ပုံလောက်ကို ပံ့ပိုးပေးတဲ့ ထုတ်လုပ်မှုကို ထိခိုက်ခဲ့တယ်ဆိုတဲ့ အငြင်းပွားမှုတွေလည်း ရှိပါတယ်။

အိန္ဒိယတောင်ပိုင်းက ဆန္ဒပြအလုပ်သမားတွေဘက်က ရပ်တည်နေတဲ့ အိန္ဒိယ အလုပ်သမားသမဂ္ဂကတော့ သူတို့ရဲ့တောင်းဆိုချက်တွေ အပြည့်မရမချင်း နိုင်ငံလုံးဆိုင်ရာ သပိတ်တွေ ဆင်နွှဲသွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။

အိန္ဒိယ အလုပ်သမားသမဂ္ဂများစင်တာ (CITU) က တမီလ်နာဒူးပြည်နယ် ဥက္ကဋ္ဌ အေ ဆောင်ဒရာဂျန် ကတော့ အနည်းဆုံး အလုပ်သမား ၁၅၀ ကို ဖမ်းဆီးထားတဲ့ လုပ်ရပ်ဟာ ဥပဒေမဲ့ဖြစ်ပြီး တရားမျှတမှုလည်း မရှိတဲ့ လုပ်ဆောင်မှုလို့ ပြောကြားလိုက်ပြီး ဆမ်ဆောင်းလုပ်ငန်းက ဘယ်သူကမှ သူတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ခုထိ ဖိတ်ခေါ်လာတာ မရှိသေးကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် လာပြီးတော့ အထူးသဖြင့် ဒီပဋိပက္ခကို ဘယ်လိုဆုံးဖြတ်ပေးမလဲဆိုတာ မျှော်လင့်နေပါတယ်လို့လည်း ဆိုပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် အစာငတ်ခံ ဆန္ဒပြမယ်လို့ ဆောင်ဒရာဂျန်က ပြောကြားလိုက်ပြီး တခြားကုမ္ပဏီတွေမှာလည်း နိုင်ငံလုံးဆိုင်ရာ သပိတ်တွေ ရှိလာလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဆမ်ဆောင်းဟာ CITU လို နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့က ကျောထောက်နောက်ခံ ပြုထားတဲ့ ဘယ်သမဂ္ဂကိုမှ အသိအမှတ်ပြုဖို့ စိတ်အားထက်သန်ခြင်း မရှိပါဘူး။

ဆမ်ဆောင်းဟာ  မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိပေမဲ့ ပြဿနာအားလုံးကို အစောဆုံး ဖြေရှင်းဖို့အတွက် ချန်နိုင်းစက်ရုံရှိ သူ့ရဲ့အလုပ်သမားတွေနဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေအပြင် ပြည်နယ်အစိုးရ အရာရှိတွေနဲ့ ဆွေးနွေးမှုတွေကနေလည်း ဘာဆုံးဖြတ်ချက်မှ ထွက်ပေါ်လာခြင်း မရှိပါဘူး။

ဆမ်ဆောင်းစက်ရုံမှာ အကြမ်းဖျင်းအားဖြင့် အလုပ်သမား ၁,၈၀၀ လောက်ရှိပြီး သူတို့ထဲက ၁,၀၀၀ ကျော်က ဆန္ဒပြနေကြတာပါ။

ဒီစက်ရုံမှာ ရေခဲသေတ္တာ၊ တီဗီနဲ့ အဝတ်လျှော်စက် တို့လို အိမ်သုံးလျှပ်စစ် စက်ပစ္စည်းတွေကို ထုတ်လုပ်တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013