DVB Logo
Home
နိုင်ငံတကာ
BBC သတင်းထောက်ဟောင်းကို လိင်ပိုင်းမဖွယ်မရာပုံ ဖန်တီးမှုဖြင့် စီရင်ချက်ချ
DVB
·
September 17, 2024
BBC သတင်းထောက်ဟောင်းကို လိင်ပိုင်းမဖွယ်မရာပုံ ဖန်တီးမှုဖြင့် စီရင်ချက်ချ
Donate to DVB

BBC သတင်းဌာနရဲ့ အထင်ကရ ကာလကြာရှည် ထိပ်တန်းသတင်းကြေညာသူ ဟျူ အက်ဒွပ်စ်ဟာ စက်တင်ဘာ ၁၆ ရက်က ဝက်စ်မင်စတာ တရားရုံးမှာ စီရင်ချက် ချမှတ်ခံဖို့ ရောက်လာပါတယ်။

အက်ဒွပ်စ်ဟာ ဇူလိုင်လတုန်းက ကလေးသူငယ်တွေရဲ့ မဖွယ်မရာပုံတွေ ဖန်တီးမှု ၃ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

သူဟာ BBC ရဲ့ လစာအမြင့်ဆုံးရတဲ့ သတင်းထောက်ဖြစ်ပြီး ဧပြီလမှာ အလုပ်မထွက်ခင် လစာအမြင့်ဆုံးရသူလည်း ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ဓာတ်ပုံတွေအတွက် လူငယ်တယောက်ကို စတာလင်ပေါင် ထောင်ချီပေးခဲ့တယ်ဆိုတဲ့ စွဲချက်ကို ရင်ဆိုင်ရအပြီး သူ အလုပ်ထွက်ခဲ့ရတာပါ။

သတင်းတင်ဆက်သူဟာ ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ဆက်စပ်မှု မရှိခဲ့ပါဘူး။ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ အက်ဒွပ်စ်ဟာ ဗြိတိန်မှာ နှစ် ၂၀ ကျော်ကြာအောင် နာမည်ကြီးခဲ့သူပါ။

၂၀၂၂ ခုနှစ်မှာ ဘုရင်မကြီး အဲလိဇဘက် သေဆုံးကြောင်း ကြေညာခဲ့ပြီး ရွေးကောက်ပွဲတွေ၊ တော်ဝင်မင်္ဂလာဆောင်တွေနဲ့ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲ သတင်းတွေကို ဦးဆောင်ဖော်ပြခဲ့ပါတယ်။

တရားသူကြီး ပေါလ် ဂိုးလ်ဒ် စပရင်းက အက်ဒွပ်စ်ရဲ့ စီရင်ချက်အတွက် ချက်ချင်း ထောင်ဒဏ်ကျခံဖို့ အပါအဝင် “ရွေးချယ်စရာအားလုံးကို” ထည့်သွင်းစဉ်းစားမယ်လို့ ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013