DVB Logo
Home
မြန်မာသတင်း
မုံရွာနမခ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၇ ဦးထက်မနည်း သေဆုံး
DVB
·
September 17, 2024
မုံရွာနမခ တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၇ ဦးထက်မနည်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်တပ်က ဗိုလ်ကြီးတယောက် အပါအဝင် တပ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ပျက်စီးမှု များပြားတယ်လို့ Chindwin Rockets Brothers အဖွဲ့ကနေ သိရပါတယ်။

Chindwin Rockets Brothers အဖွဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “နမခထဲမှာရှိနေတဲ့ ဗိုလ်ကြီးအဆင့်တယောက်နဲ့ အခြားအဆင့် ၇ ယောက်ထက်မနည်း သေတယ်။ တခြား ထိခိုက်ပျက်စီးမှုတွေလည်း များပြီး အဆောက်အအုံတချို့လည်း ပျက်စီးတယ်လို့တော့ တပ်တွင်း ဖရဲသီးက သတင်းပို့လာတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် ညဦးပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲကို 107 MM ရှော့တိုက်ဒုံး ၂ လုံး၊ လက်လုပ် ရှော့တိုက်ဒုံး အလုံး ၂၀ တို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Chindwin Rockets Brothers ရဲ့ တာဝန်ခံတယောက်က "သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ များပြီး တပ်ထဲမှာ မကုနိုင်တော့လို့ တပ်မတော် ခုတင် ၃၀၀ ဆေးရုံကို ပို့ထားတယ်လို့ သိရတယ်။ တိုက်ခိုက်ပြီး နောက်ရက်မှာ သူတို့ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က အထူးအစည်းအဝေးခေါ်ပြီးတော့ ထိခိုက်သေဆုံးတဲ့ သတင်းတွေကို ဖုံးကွယ်ထားကြဖို့ အကြိမ်ကြိမ်မှာတယ်။ နေပြည်တော်က ကြီးတဲ့ကောင်တွေကဆီကလည်း အဆူအဆဲခံရတယ် ပြောတယ်” လို့ ပြောပါတယ်။

နမခဝန်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတဲ့အတွက် အဆိုပါတပ်ဝန်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်ကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Rockets Brothers တပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၊ Chindwin Brothers တပ်ဖွဲ့၊ ဇာမဏီချင်းတွင်းအဖွဲ့နဲ့အတူ မုံရွာမြို့နယ် တိုက်နယ် ၅ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲကို အခုတိုက်ခိုက်မှုဟာ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်း ပထမအကြိမ် တိုက်ခိုက်ခဲ့စဥ်က နမခဝန်းအတွင်းက ရုံးအဆောက်အအုံတွေ ပျက်စီးပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက် ပျက်စီးကုန်ခဲ့တယ်လို့လည်း သိရပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဝန်းထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013