DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်ကို ဂေါက်ကွင်း၌ လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် သေနတ်သမား အရှင်ဖမ်းမိ
DVB
·
September 16, 2024
ဒေါ်နယ်ထရမ့်ပ်ကို ဂေါက်ကွင်း၌ လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် သေနတ်သမား အရှင်ဖမ်းမိ
Donate to DVB

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် ဖလော်ရီဒါပြည်နယ်၊​ ပမ်ဘိချ်မှာရှိတဲ့ သူပိုင်တဲ့ ဂေါက်ကွင်းမှာ ဂေါက်ကစားနေတုန်း ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားခဲ့သူကို  အရှင်ဖမ်းမိခဲ့တယ်လို့ FBI က ထုတ်ပြန်ပါတယ်။

ထရမ့်ပ် မရောက်လာခင် သူကစားမယ့်ကျင်းတွေ တဝိုက် ရှင်းလင်းပေးရတဲ့ လျှို့ဝှက်အေးဂျင့်တွေက ဂေါက်ကွင်းနယ်နိမိတ် အစွန်းနားက ခြုံပုတ်တွေထဲမှာ သေနတ်သမားကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သေနတ်ပြောင်းဟာ ခြုံပုတ်ထဲက ထွက်နေတဲ့အတွက် အချိန်မီဟန့်တားနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီခွဲမှာ အေးဂျင့်တွေဟာ သေနတ်သမားနဲ့ ရင်ဆိုင်တွေ့ခဲ့ကြပြီး အနည်းဆုံး ပစ်ခတ်မှု ၄ ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ သေနတ်သမားဟာ AK-47 စတိုင်ရိုင်ဖယ်၊ GoPro ကင်မရာ၊ ကျောပိုးအိတ်နဲ့ တခြားပစ္စည်းတွေကို ပစ်ချပြီး အနက်ရောင်နစ်ဆန်းကားနဲ့ ထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။

မျက်မြင်ကြုံလိုက်ရသူတယောက်က သေနတ်သမားရဲ့ ကားနဲ့ လိုင်စင်ပလိတ်ပြားကို ဓာတ်ပုံရိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သမားဟာ ထရမ့်ပ်ဂေါက်ကစားနေတဲ့ နေရာနဲ့ ကိုက် ၄၀၀ ၊ ၅၀၀ အကွာအထိ ရောက်လာခဲ့တာဖြစ်တယ်လို့ ပမ်ဘိချ် ကောင်တီရဲမှူးက ပြောပါတယ်။ 

အာဏာပိုင်တွေက ယာဉ်နဲ့ပတ်သက်ပြီး တပြည်နယ်လုံးအနှံ့ သတိပေးချက်ထုတ်ခဲ့အပြီးမှာ သံသယရှိသူကို I-95 အမြန်လမ်းပေါ်မှာ လက်ရဖမ်းမိခဲ့ပါတယ်။၊

ထရမ့်ပ်ကတော့ သူ့နယ်မြေအနီးဝန်းကျင်မှာ သေနတ်သံတွေကြားတဲ့အတွက် ကောလာဟာလတွေ မပြန့်ခင်မှာ အသိပေးချင်တာက သူဘေးကင်းကျန်းမာနေတယ်ဆိုတာ ဖြစ်တယ်လို့ မဲဆွယ်အဖွဲ့ကို အီးမေးလ်ပေးပို့ အကြောင်းကြားခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်နေ့တုန်းကလည်း ပင်ဆီလ်ဗေးနီးယားပြည်နယ်မှာ ထရမ့်ပ်ကို ပစ်ခတ်ခံလုပ်ကြံခံခဲ့ရပေမဲ့ နားရွက်ကို ရှပ်ထိခဲ့ပြီး မဲဆွယ်ပွဲလာသူတယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကိုလည်း လျှို့ဝှက်အေးဂျင့်တွေက ချက်ချင်းအသေပစ်ခတ်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013