DVB Logo
Home
မြန်မာသတင်း
အင်းလေးဒေသက ရွာပေါင်း ၁၇၀ ကျော် ရေမြုပ်၊ ဒေသခံထောင်ချီအကူအညီလိုအပ်
DVB
·
September 15, 2024
အင်းလေးဒေသက ရွာပေါင်း ၁၇၀ ကျော် ရေမြုပ်၊ ဒေသခံထောင်ချီအကူအညီလိုအပ်
1 / 3
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ရေကြီးရေလျှံတာကြောင့် ရွာပေါင်း ၁၇၀ ကျော် ရေနစ်မြုပ်နေသလို ထောင်ချီတဲ့ ဒေသခံတွေ အကူအညီတွေ လိုအပ်နေပါတယ်။ 

တိုင်ဖွန်းမုန်တိုင်းယာဂီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံ မြေပြိုတာတွေ ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရွာပေါင်း ၁၇၀ ကျော်ဟာ နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံး ရေနစ်မြုပ်တဲ့ ဒဏ်ကို ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်းလေးဒေသဟာ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက သက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ရေကြီးတာကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းသွားပြီး စိုက်ပျိုးခြံတွေလည်း ရေ နစ်မြုပ်ပျက်စီးသွားပါတယ်။

ဒါ့အပြင် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် ဒေသခံ ပြည်သူ ၆၀၀၀ ကျော်  အကူအညီတွေ လိုအပ်နေပါတယ်။

မိုးလေဝသဌာနတွေရဲ့ စက်တင်ဘာ ၁၅ ရက် တိုင်းတာချက်တွေအရ  အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကုန်းတွင်းပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ် အရှိန်ကြောင့် ဒီမနက်ကနေ နောက် ၂၄  နာရီအတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ မိုးသည်းထန်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013