DVB Logo
Home
နိုင်ငံတကာ
တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးပါက နေတိုးနှင့် စစ်ဖြစ်မည်ဟု ရုရှားသံအမတ် သတိပေး
DVB
·
September 14, 2024
တာဝေးပစ်လက်နက် အသုံးပြုခွင့်ပေးပါက နေတိုးနှင့် စစ်ဖြစ်မည်ဟု ရုရှားသံအမတ် သတိပေး
Donate to DVB

အနောက်နိုင်ငံတွေက ယူကရိန်းကို တာဝေးပစ်ဒုံးတွေ အသုံးပြုခွင့်ပေးပါက ရုရှားနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေ  စစ်ဖြစ်မှာဖြစ်ကြောင်း ရုရှားရဲ့ကုလသံအမတ် နီဘန်ဇီရာက သတိပေးပြောကြား ခဲ့ပါတယ်။ 

ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားရဲ့ ကျူးကျော်စစ်ကို တန်ပြန်နိုင်ဖို့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးဖို့ အမေရိကန်နဲ့ ဗြိတိန်တို့ကို တောင်းဆိုထားတာဖြစ်ပြီး ရုရှားရဲ့ကုလသံအမတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခုလို သတိပေးခဲ့တာပါ။  

“ယူကရိန်းကို တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးမယ်ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံ တိုက်ရိုက်စစ်ဖြစ်မှာပါ။ ဒီလိုဆုံးဖြတ်ချက်က အနောက်နိုင်ငံတွေကို ကျူးကျော်သူတွေ ဖြစ်စေမှာပါ” လို့ နီဘန်ဇီရာက ကုလသမဂ္ဂကောင်စီအဖွဲ့ဝင် ၁၅ ဦးကို ပြောခဲ့တာဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် စတာမာဟာ စက်တင်ဘာ ၁၃ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုမှာ ယူကရိန်း-ရုရှားအရေးပါဝင်မယ်လို့ သုံးသပ်သူတွေက ခန့်မှန်းကြ ပါတယ်။ 

စတာမာနဲ့ ဘိုင်ဒန်တို့ရဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့တဲ့အကြောင်း အရာတွေကိုတော့ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

လက်ရှိအချိန်မှာ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ယူကရိန်နိုင်ငံအနေဖြင့် တာဝေးပစ် လက်နက်များကို အသုံးပြုဖို့ ထောက်ခံခဲ့ပါတယ်။ 

ရုရှားဟာ ယူကရိန်းပြည်သူ့ အဆောက်အအုံတွေကို ဖျက်ဆီးနေတာကြောင့် ဒီကျူးကျော်မှုတွေကို ကာကွယ်ဖို့နဲ့ တားမြစ်ဖို့ တာဝေးပစ်လက်နက်တွေ အသုံးပြုရမယ်လို့ ထရူးဒိုးက ဆိုပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ နိုင်ငံတကာစည်းကမ်းချက်တွေကို မတည်မငြိမ်ဖြစ်စေခဲ့တယ်လို့ သတင်းထောက်တွေနဲ့ တွေ့ဆုံမှုမှာ ထရူးဒိုးက ပြောခဲ့တာပါ။ 

ရုရှားရဲ့ကျူးကျော်စစ်မှာ ယူကရိန်းအောင်မြင်မှုရဖို့ ကနေဒါနိုင်ငံနဲ့ တခြားနိုင်ငံတွေက ရပ်တည်ချက် ပြတ်သားရမယ်လို့ ထရူးဒိုးက ဆိုပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013