DVB Logo
Home
မြန်မာသတင်း
ခရမ်းချဉ်သီးစျေးမရသဖြင့် တောင်သူများ လမ်းဘေးစွန့်ပစ်နေရ
DVB
·
September 14, 2024
ခရမ်းချဉ်သီးစျေးမရသဖြင့် တောင်သူများ လမ်းဘေးစွန့်ပစ်နေရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ကလော၊ အောင်ပန်း၊ ရွာငံနဲ့ အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေ စျေးမရှိဘဲ ဝယ်သူလည်း မရှိလို့ တောင်သူတွေဟာ စွန့်ပစ်နေရတယ်လို့ သိရပါတယ်။

ခရမ်းချဉ်သီးက ဇူလိူင်လမှာ တပိဿာ ၁,၅၀၀ ကျပ် အထိရရှိသေးပြီး သြဂုတ်လမှာတော့ တပိဿာကို ၅၀၀ ကျပ်၊ စက်တင်ဘာလပထမပတ်မှာတော့   တပိဿာကို မြန်မာငွေ ၇၀ ကျပ်ပဲ ရှိတော့တယ်လို့ တောင်သူတွေက ပြောပါတယ်။

ပင်လောင်းမြို့နေ ခရမ်းချဉ်သီးစိုက် တောင်သူတယောက်က  “ခရမ်းချဉ်သီးစျေးက အရမ်းကျသွားတယ်။ စျေးနည်းတာက နည်းများမဆို ရောင်းရင်ပိုက်ဆံရသေးတယ်လေ။ ခုက ဝယ်သူမရှိတော့လို့ စွန့်ပစ်ရတာ။ မှည့်တဲ့အသီးတွေ အကုန်ပစ်ရတယ်။ မပစ်ရင်လည်း အိမ်မှာပဲ ပုပ်နေမှာလေ။ တချို့ကျ စိုက်ထားတာ ကြည့်တောင်မကြည့်တော့ဘူး” လို့ ပြောပါတယ်။

ခရမ်းချဉ်သီးစိုက်ပျိုးတဲ့အချိန်မှာ အရင်းအနှီး များများသုံးရပြီး စိုက်ပျိုးခဲ့ရလို့ အခု စွန့်ပစ်တဲ့အထိ ကြုံရတဲ့အခါ တောင်သူတွေ စိတ်ဓာတ်ကျနေရတယ်လို့ ဆိုပါတယ်။

နောက်ထပ်  ခရမ်းချဉ်သီးစိုက် တောင်သူတယောက်က “စိတ်ဓာတ်အရမ်းကျတာပဲ။ မနှစ်ဆိုလည်း ရှုံးတယ်။ ဒီနှစ်ဆို မိုးအရမ်းများတော့ ပိုးမကျအောင်ဆေး သေချာဂရုတစိုက်ဖြန်းသေးတယ်။ ခုစျေးမရှိ ဝယ်သူမရှိတော့ စိတ်ဓာတ်ကျရတာပေါ့” လို့ပြောပါတယ်။

ခရမ်းချဉ်သီးအပြင် ရှမ်းတောင်ဘက်က တောင်သူတွေ စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်၊ ဂျင်း(ချင်း)၊ ရွှေပဲသီး၊ လက်ဖက်၊ ပြောင်းစတဲ့ ကုန်စိမ်းတွေလည်း စျေး မရကြဘူးလို့ တောင်သူတွေက ပြောပါတယ်။

ရှမ်းတောင်က ပြည်သူတွေဟာ တောင်ယာကိုပဲ အဓိကထား စိုက်ပျိုးကြလို့ အခုလို ဒေသထွက် ကုန်စိမ်း စျေးအဆမတန်ကျနေတာကြောင့် လာမယ့်နှစ် မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ပူပန် နေကြရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013