DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရေလျှံပြီး လမ်းအသုံးပြုခွင့်ပိတ်
DVB
·
September 14, 2024
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ရေလျှံပြီး လမ်းအသုံးပြုခွင့်ပိတ်
1 / 7
Donate to DVB

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ထဲက ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၃၅၆ အနီးမှာ စက်တင်ဘာ ၁၃ ရက် နေ့လယ် ၁ နာရီလောက်ကစပြီး ရေတက်လာတာကြောင့် အမြန်လမ်းပိုင်း အသုံးပြုခွင့်ကို ယာယီပိတ်ထားတယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့တွေက ပြောပါတယ်။

အဝေးပြေးဂိတ် ယာဉ်လိုင်းတာဝန်ရှိသူတယောက်က “မန္တလေးအတက် လမ်းပိုင်းတွေ ပိတ်လိုက်တာ။ ညကားတွေ နောက်ရက်မှထွက်မှာ။ မနက်တုန်းကတော့ ကားကြီးတွေ ပေးဖြတ်တယ်။ တံတားဦးကနေ အထွက်လမ်းနဲ့ ကျောက်ဆည်ကားတွေ ခဏနားထားတယ်” လို့ ပြောပါတယ်။

မြန်မာမီးသတ်တပ်ဖွဲ့ရဲ့ စက်တင်ဘာ ၁၀ ရက်ကနေ စက်တင်ဘာ ၁၃ ရက်အထိ ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေအရ မန္တလေးတိုင်းထဲက မြို့နယ် ၁၀ ခုမှာ ရုတ်တရက် ရေဝင်ရောက်ခဲ့တာကြောင့် လူဦးရေ ၈၀,၀၀၀ ကျော် ရေဘေးသင့်‌နေတယ်လို့ သိရပါတယ်။

အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တယောက်က “ရေကျသွားမှ လမ်းပိုင်းစစ်ဆေးပြီးမှ ဖြတ်ခွင့် ပြန်ပေးမှာပါ။ နေ့ခင်း ၁ နာရီလောက်ကစပြီး ရေထိုးတက်ပါတယ်။ မိုးတော့ တိတ်သွားတယ်။ ရေက အခု ညနေ ၃ နာရီအထိ တိုးနေသေးတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို အဓိကအသုံးပြု‌နေရတဲ့ တောင်ကြီး-သာစည် လမ်းပိုင်းမှာ မြေပြိုတာနဲ့ လမ်းသားပဲ့ကျနေတာကြောင့် ကုန်ကားတွေ အသွားအလာ ရပ်ထားရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ နောက် ၂ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေမှာဖြစ်ပြီး နေပြည်တော်နယ်မြေ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ အနီးတဝိုက်မှာ နေရာကွက် မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက စတင်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ချောင်းရေ မြစ်ရေ လျှံလာတာတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း၊ ကလောနဲ့ မန္တလေးတိုင်းထဲက ကျောက်ဆည်၊ မြစ်သား၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ စဉ့်ကိုင်၊ ပျော်ဘွယ်၊ ပဲခူးတိုင်းထဲက တောင်ငူ၊ အုတ်တွင်း၊ ကရင်ပြည်နယ် မြဝတီမြို့၊ ဘားအံမြို့တို့မှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013