DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
အင်ဒိုနီးရှား အလုပ်သမား ၁၁ ဦး မြန်မာနိုင်ငံတွင် လူကုန်ကူးခံရ
DVB
·
September 13, 2024
အင်ဒိုနီးရှား အလုပ်သမား ၁၁ ဦး မြန်မာနိုင်ငံတွင် လူကုန်ကူးခံရ
Donate to DVB

အင်ဒိုနီးရှားနိုင်ငံရဲ့ အနောက်ဂျာဗားပြည်နယ်၊ ဆူခါဘူမိမြို့မှ ရွှေ့ပြောင်းအလုပ်သမား ၁၁ ဦး ထက်မနည်းဟာ မြန်မာနိုင်ငံမှာ လူကုန်ကူးခံခဲ့ရတယ်လို့ ဒေသတွင်း အလုပ်သမားသမဂ္ဂရဲ့ ပြောကြားချက်ကို ကိုးကားပြီး Jarkarta Globe  အင်ဒိုနီးရှားသတင်းမှာ စက်တင်ဘာ ၁၂ ရက်က ဖော်ပြပါတယ်။

အင်ဒိုနီးရှား အလုပ်သမားတွေဟာ အလုပ်လုပ်ကိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာနဲ့ သွားရောက်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ဆန္ဒမပါဘဲ အလုပ်ရှင်တွေဟာ သူတို့ကို မြန်မာနိုင်ငံဘက်သို့ အတင်းအဓမ္မ လွှဲပြောင်းပေးခဲ့တာလို့ အင်ဒိုနီးရှား ရွေ့ပြောင်းအလုပ်သမားသမဂ္ဂ (SBMI) ရဲ့ ဆူခါဘူမိရုံးခွဲ အကြီးအကဲ ဂျီဂျန်နာဂျနာ က ပြောပါတယ်။

ဂျီဂျန်က “အင်ဒိုနီးရှားအလုပ်သမားတွေဟာ လူမှောင်ခိုကူးနေတဲ့ အဖွဲ့တဖွဲ့ရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်ဆိုတာ ထင်ရှားပါတယ်။ သူတို့ဟာ ထိုင်းကုမ္ပဏီတခုမှာ လစာကောင်းတဲ့ စီမံအုပ်ချုပ်ရေး အလုပ်တွေ လုပ်ရမယ်ဆိုတဲ့ ကတိကဝတ်အမှားတွေနဲ့ လှည့်စားခြင်း ခံခဲ့ရတာ” လို့ ပြောပါတယ်။

နောက်ပြီး အလုပ်သမားတွေဟာ မြန်မာနိုင်ငံရှိ ပဋိပက္ခ ဖြစ်ပွားရာနေရာတခုမှာ ထိန်းသိမ်းခံထားရပြီး အဲဒီဧရိယာကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတဲ့အတွက် အင်ဒိုနီးရှား သံရုံးအနေနဲ့ အလုပ်သမားတွေ နေရပ်ပြန်နိုင်ရေး ကြားဝင် ဆောင်ရွက်ပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ကို ကိုးကားပြီး ဂျီဂျန်က ရှင်းပြပါတယ်။

တည်နေရာ အတိအကျမသိရတဲ့ မြန်မာနိုင်ငံရဲ့ နေရာတခုမှာ အင်ဒိုနီးရှား အလုပ်သမားတွေ ထိန်းသိမ်းခံထားရပုံကို ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်တွေဟာ   မကြာသေးခင် ရက်ပိုင်းအတွင်း လူမှုမီဒီယာမှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ဒါနီရာ ရာမက်ဟန်ကလည်း ထိန်းသိမ်းခံထားရတဲ့ အလုပ်သမားတွေထဲမှာ သူ့ဦးလေး ဖြစ်သူလည်း ပါဝင်ကြောင်း၊ ဦးလေးဖြစ်သူဟာ ကနဦးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံဘက်ကို ရွေ့ပြောင်းသွားကြောင်း၊ လက်ရှိ ဘာတွေလုပ်ကိုင်နေလဲဆိုတာကိုလည်း သေသေချာချာ မသိရတဲ့ အကြောင်းနဲ့ ထိန်းသိမ်းခံ အလုပ်သမားတွေ အမိနိုင်ငံကို ပြန်လာနိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရက ကူညီ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

Source: Jakarta Globe

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013