DVB Logo
Home
အားကစား
ရလဒ်ဆိုးတွေအတွက် ဘရာဇီးအသင်းပရိသတ်တွေကို ဗင်နီဆီးယက်စ် တောင်းပန်
DVB
·
September 13, 2024
ရလဒ်ဆိုးတွေအတွက် ဘရာဇီးအသင်းပရိသတ်တွေကို ဗင်နီဆီးယက်စ် တောင်းပန်
Donate to DVB

အသင်းရဲ့ရလဒ်ဆိုးတွေအတွက် ပရိသတ်တွေကို တောင်းပန်ကြောင်း ဘရာဇီးတောင်ပံ တိုက်စစ်မှူး ဗင်နီဆီးယက်စ်က ပြောသွားပါတယ်။

ဘရာဇီးအသင်းဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ  ရလဒ်မကောင်း ဖြစ်နေပြီး နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ၄ ပွဲရှုံး ၁ ပွဲ သရေကျခဲ့တာပါ။

လက်ရှိအချိန်ဟာ အသင်းရဲ့ အခက်အခဲဆုံးအချိန်ဖြစ်ပြီး ရလဒ်ဆိုးမှုအတွက် ခွင့်လွှတ်ပေးကြဖို့  တောင်းပန်ကြောင်း ဗင်နီဆီးယက်စ်က ပြောပါတယ်။

အသင်းသားတွေအနေနဲ့ ခြေစွမ်းတိုးတက်မှုရှိဖို့ ဆန္ဒရှိကြပြီး နိုင်ပွဲရရှိဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေ ရှာဖွေနိုင်ဖို့လိုကြောင်း ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမားက ပြောပါတယ်။

ဘရာဇီးအသင်းဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ  အဆင့် ၅ ရောက်ရှိနေတာပါ။ တောင်အမေရိကဇုန်မှာ အသင်း ၁၀ သင်းက စုစုပေါင်း ၁၈ ပွဲ ကစားသွားရမှာဖြစ်ပြီး ထိပ်ဆုံး ၆ သင်းအထိ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013