DVB Logo
Home
မြန်မာသတင်း
ဂန့်‌ဂေါတွင် ကုန်ပစ္စည်းတင်ယူမှု  ပိတ်ထားသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
September 12, 2024
ဂန့်‌ဂေါတွင် ကုန်ပစ္စည်းတင်ယူမှု  ပိတ်ထားသဖြင့် ဒေသခံများ အခက်ကြုံ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်နဲ့ ကျေးရွာတွေဘက် ကုန်ပစ္စည်းတင်ယူမှုကို စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အပြန်အလှန်ပိတ်ထားကြတာကြောင့် ကုန်ပစ္စည်းအချို့ ပြတ်‌တောက်နေပြီး ဝယ်ယူရရှိတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဈေးကြီးပေးပြီး ဝယ်နေရတယ်လို့ ဂန့်ဂေါဒေသခံတွေက DVB ကို ပြောပါတယ်။

ဂန့်‌ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်ဂိတ်တွေကနေ ကျေးရွာတွေဘက်ကို ကုန်ပစ္စည်းတင်ယူမှုပိတ်ပင်ထားတာ တလကျော်ကြာမြင့်နေပြီဖြစ်တာကြောင့် ကျေးရွာတွင်းမှာ ကုန်ပစ္စည်းအချို့ပြတ်တောက်နေတယ်လို့ မောက်လင်းရွာသူ မမျိုးက DVB ကို ပြောပါတယ်။

စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ကုန်ပစ္စည်းတင်ယူခွင့် စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး အဲ့ဒီနောက်မှာ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က လည်း ကျေးရွာတွေဘက်ကနေ ဂန့်ဂေါမြို့ပေါ်ကို ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကျေးရွာတွေဖြစ်တဲ့ ပျုစောထီး တနည်းအားဖြင့် ပြည်သူ့စစ်အားကောင်းတဲ့ မြောက်ခင်ရန်း၊ ဟံသာဝတီ၊ ကုက္ကားစတဲ့ ကျေးရွာဘက်တွေကို ဒေသခံကာကွယ်ရေးတပ်က ကုန်ပစ္စည်းသယ်ယူခွင့်‌မပေးလို့ ပိတ်ပင်ထားတာလို့ ဂန့်ဂေါ PDF တပ်ရင်း ၁၂ တာဝန်ခံ ကိုသားဇင်ကပြောပါတယ်။

စစ်ကောင်စီက ဂန့်ဂေါမြို့နယ် အဝင်အထွက်အားလုံးကို ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်လိုက်တာကြောင့် ဒေသခံတွေက ဂန့်ဂေါမြို့ကိုပတ်တဲ့ တခြားကွင်းလမ်းတွေဘက်ကနေ ကုန်ပစ္စည်းတွေ သယ်ယူရောင်းချနေရတယ်လို့ ဆိုပါတယ်။

ကွင်းလမ်းတွေကနေ ကုန်ပစ္စည်းသယ်ယူရတာ လမ်းခရီးလည်း ကြမ်းတမ်းကွာဝေးသလို ချောင်းတွေကို လှေနဲ့ဖြတ်ကူးရတာကြောင့် ဝယ်ယူရရှိတဲ့ ကုန်ပစ္စည်းတွေလည်း ဈေးနှုန်းကြီးမြင့်စွာ ပေးဝယ်နေရတယ်လို့ စိုင်ဒူးရွာသား ဦးဇော်က DVB ကို ပြောပါတယ်။

အဆိုပါ ဂန့်‌ဂေါမြို့နယ်‌တွေဘက်ကို ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိပါဘူး။

စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ထားလို့ ‌ကျေးရွာတွေဘက်မှာ အထွေထွေကျပ်တည်းမှုတွေ ရှိလာတာကြောင့် ဒေသခံတွေကတော့ စစ်ကောင်စီအနေနဲ့ ကုန်ပစ္စည်းသယ်ယူခွင့်ပေးဖို့ လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013