DVB Logo
Home
နိုင်ငံတကာ
စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်တွင် ၁၂၇ ဦးသေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံး
DVB
·
September 11, 2024
စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်တွင် ၁၂၇ ဦးသေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံး
Donate to DVB

စူပါတိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ လူ ၁၂၇ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၄ ယောက် ပျောက်ဆုံးနေပါတယ်။

ဗီယက်နမ်နိုင်ငံကို စနေနေ့က စတင်ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်ခြင်း၊ မြေပြိုခြင်းနဲ့ ရေကြီးခြင်းတို့ ဆက်ပြီး ဖြစ်ပွားနေပါတယ်။

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းဒေသက ထောင်နဲ့ချီတဲ့လူတွေဟာ အိမ်ခေါင်မိုးပေါ် တက်နေခဲ့ရပြီး အင်္ဂါနေ့က တချို့လူတွေ ဆိုရှယ်မီဒီယာတွေပေါ်မှာ အကူအညီတောင်းတဲ့ ပို့စ်တွေ တင်ခဲ့ကြပါတယ်။

ယာဂီမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံအတွက် နှစ်ပေါင်း ၃၀ အတွင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်ပြီး နိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းစဉ် အားပျော့ခဲ့ပါတယ်။

အဲဒီဒေသက လူပေါင်း ၁ ဒသမ ၅ သန်း လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။ တနင်္လာနေ့က ကားဒက်ရှ်ဘုတ် ကင်မရာမှတ်တမ်းအရ ဖြူသိုဒေသတံတား ကျိုးကျမှုကြောင့် တံတားဖြတ်ကူးစဉ် ကားတွေ ရေထဲပြုတ်ကျခဲ့ပါတယ်။

မုန်တိုင်းအင်အား တဖြည်းဖြည်း အားပျော့လာပြီဆိုပေမဲ့ အာဏာပိုင်တွေကတော့ ယာဂီမုန်တိုင်းဟာ အနောက်ပိုင်းကို တိုက်ခိုက်စဉ် ဖျက်ဆီးမှုတွေ ပိုလုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ယာဂီမုန်တိုင်းဟာ လေတိုက်နှုန်း ၁ နာရီကို ကီလိုမီတာ ၁၅၀ နီးပါးအထိရှိပြီး တံတားတွေ၊ အဆောက်အဦအမိုးတွေ၊ စက်ရုံတွေ ဖျက်ဆီးမှုနဲ့ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူ ၅၄ ယောက် ပျောက်ဆုံးနေပါတယ်။

ဗီယက်နမ်အာဏာပိုင်တွေက မြောက်ပိုင်း ၁၈ ဒေသကို ဖြတ်ပြီး ၄၀၁ မြို့နယ်ကို မုန်တိုင်း ဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မြေပြိုမှုနဲ့ ရေကြီးမှုတွေက လူထိခိုက်မှု ပိုဖြစ်စေပြီး ၇၅၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးက အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်ထားပါတယ်။

ယာဂီမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံကို မတိုက်ခတ်မီ တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ ဖိလစ်ပိုင်ကို ဖြတ်သန်းခဲ့ပြီး လူ ၂၄ ယောက် သေဆုံးခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013