DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကွမ်းသီးအနုဈေးအဆမတန်ကျသဖြင့် စိုက်ပျိုးသူနှင့်ရောင်းဝယ်သူများ အခက်တွေ့
DVB
·
September 11, 2024
ဧရာဝတီတိုင်းတွင် ကွမ်းသီးအနုဈေးအဆမတန်ကျသဖြင့် စိုက်ပျိုးသူနှင့်ရောင်းဝယ်သူများ အခက်တွေ့
Donate to DVB

ဧရာဝတီတိုင်း ကွမ်းသီးအနု တပိဿာကျပ် ၇,၈၀၀ အထိ ဈေးကျသွားလို့ စိုက်ပျိုးသူတွေနဲ့ အရောင်းအဝယ်လုပ်သူတွေပါ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ 

ဧရာဝတီတိုင်းမှာ ဇူလိုင်နဲ့ သြဂုတ်လက ကွမ်းသီးအနု တပိဿာကျပ် ၂၅,၀၀၀ အထိ ဈေးပေါက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ဈေးကျလာပြီး လက်ရှိ စက်တင်ဘာ ၁၁ ရက်အထိ ကွမ်းသီးအနု ၁ ပိဿာကျပ် ၇,၈၀၀ အထိသာ ပေါက်တော့တယ်လို့ ဆိုပါတယ်။ 

“ကွမ်းသီးအနုဈေးက တရက်နဲ့တရက်တောင်မတူဘူး မတည်မငြိမ်ဖြစ်နေတာ။ ဈေးကျတော့ အရောင်းအဝယ် လုပ်ရတာ အဆင်မပြေဘူး။ ပြည်တွင်းကနေ ပြန်လည်တင်ပို့တဲ့ ကွမ်းသီးနုရဲ့ အဓိက ဈေးကွက်က တရုတ်ဈေးကွက်ဆိုတော့ တရုတ်ဘက်က သူတို့လိုချင်တဲ့အချိန်ကျ ဈေးပိုပေးတယ်။ မလိုအပ်တဲ့ အချိန်ကျတော့ ဈေးလျှော့ချတယ် အဲ့ဒီလုပ်နေတာ။ တချို့ ကုန်သည်တွေ၊ ရောင်းသူ ဝယ်သူတွေဆို အရှုံးပေါ်လို့ ရပ်ကုန်ပြီ” လို့ ဧရာဝတီတိုင်း ကွမ်းသီးအနု ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ကွမ်းသီးအနုတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေပြီး ကွမ်းသီးအနုဈေးကွက် မတည်မငြိမ်ဖြစ်နေတာကြောင့် ကွမ်းသီး ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။ 

“တပိသာကို ကျပ် ၁၅,၅၀၀ နဲ့ ဝယ်မိတာ။ ပြန်သွင်းရတော့ တပိဿာ ၇,၈၀၀ နဲ့ပဲ သွင်းရတော့ တော်တော် အရှုံးပြသွားတယ်။ ကွမ်းသီးအနုဈေးက ထိုးကျနေတော့ ရောင်းပေးသူတောင် မရှိသလောက် ဖြစ်နေတယ်။ မနှစ်ကအခုလို အချိန်ဆို အလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ အရောင်းအဝယ် အရမ်းဖြစ်တယ်လေ။ အခု တပတ်အတွင်း ၁၂ သိန်းလောက်အရှုံးပေါ်ခဲ့တယ်။ တကြိမ်ရှုံးရင် ဒီလောက်ဆိုတော့ ဒုက္ခရောက်တာပေါ့”' လို့ ဧရာဝတီတိုင်း မအူပင်မြို့နယ်မှ ဝယ်သီးအနုရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။ 

အခုလို ကွမ်းသီးနုဈေးကွက် မတည်မငြိမ်ဖြစ်နေတာဟာ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းမရှိတာနဲ့ တရုတ်ဘက်ကသ တ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ ဝယ်ယူ နေရတာကြောင့် ဖြစ်ပြီး အရင်က တရက် ပိဿာချိန် သိန်းချီ အရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ လက်ရှိတော့ ပိဿာချိန် ထောင်ဂဏန်း အထိသာ အရောင်းအဝယ်ဖြစ်တော့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တရုတ်ဘက်က ဈေးနိမ်ဝယ်ယူနေတဲ့အပြင် ကွမ်းသီးအနုအရည်အသွေးကိုလည်း အရင် ထက် ပိုတင်းကျပ်လာပြီး သတ်မှတ်အရည်အသွး မမီတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်သီးတွေ ရွေးထုတ်တာ များလာတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ကွမ်းသီးအနု ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013