DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြု
DVB
·
September 11, 2024
စစ်ကောင်စီက မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြု
Donate to DVB

မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီ (MUP) ကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့တဲ့စက်တင်ဘာ ၉ ရက်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ ပါတီမှတ်ပုံတင်ခွင့် ချပေးလိုက်ပါတယ်။

မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့ ပူးပေါင်းကာ ၂၀၁၉ ခု ဇူလိုင် ၁၁ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ၁၉ လမ်း၊ အိမ်အမှတ် ၁၆ မှာ ပါတီရုံးချုပ် ဖွင့်လှစ်ထား​ပါတယ်။

စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် UEC အနေနဲ့ လက်ရှိမှာ နိုင်ငံရေးပါတီပေါင်း ၅၂ ခုကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ရှိနေတဲ့ ပါတီ ၄ ခုကို ရွေးကောက်ပွဲမတိုင်မီ စိစစ်မှတ်ပုံတင်ခွင့်ပြုဖို့ လုပ်ဆောင်နေကြောင်း နိုင်ငံရေးပါတီတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မွန်ညီညွတ်ရေးပါတီ MUP နဲ့ နီးစပ်သူတယောက်က“ပါတီမှတ်ပုံတင်ခွင့်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ မကုန်ခင်လောက်ကတည်းက လျှောက်ထားခဲ့တာ။ တနှစ်ခွဲလောက်နေမှ ခွင့်ပြုချက်ရတယ်။ လောလောဆယ်မှာ ဗဟိုအဆင့် အစည်းအဝေးမထိုင်ရသေးတော့ အသေးစိတ်ကို ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မွန်နဲ့ ကရင်ပြည်နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် နေရာ ၁၂ ခု အနိုင်ရထားတဲ့ ပါတီတခုဖြစ်ပါတယ်။

စစ်ကောင်စီက ၂၀၂၅ ခု၊ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ ကိစ္စတွေကို အရှိန်မြှင့်လုပ်ဆောင်လာသလို ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေကို တည်ထောင်ခွင့်ပြုတာနဲ့ ပယ်ဖျက်တာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ မွန်ညီညွတ်ရေးပါတီဟာ လက်ရှိအချိန်အထိ ပါတီကိုယ်စားလှယ်တွေ ဖြစ်တဲ့ နိုင်လယိတမမှာ မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်နဲ့ စီးပွားရေးရာဝန်ကြီးနေရာနဲ့ ဒေါက်တာဗညားအောင်မိုးမှာ စစ်ကောင်စီအဖွဲ့ရဲ့ ဗဟိုအကြံပေးအဖွဲ့ဝင် နေရာရယူထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013