DVB Logo
Home
နိုင်ငံတကာ
အယ်လ်ဆာဗေဒိုတွင် စစ်ရဟတ်ယာဉ်ပျက်ကျပြီး ရဲတပ်ဖွဲ့အကြီးအကဲ အပါအဝင် ၉ ဦး သေဆုံး
DVB
·
September 10, 2024
အယ်လ်ဆာဗေဒိုတွင် စစ်ရဟတ်ယာဉ်ပျက်ကျပြီး ရဲတပ်ဖွဲ့အကြီးအကဲ အပါအဝင် ၉ ဦး သေဆုံး
Donate to DVB

အယ်လ်ဆာဗေဒိုနိုင်ငံရဲ့ အရှေ့တောင်ဘက် ပါစာကီနာခရိုင်မှာ စက်တင်ဘာ ၈ ရက် ညပိုင်းက စစ်ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့မှုအတွင်း အယ်လ်ဆာဗေဒို ရဲတပ်ဖွဲ့အကြီးအကဲနဲ့ ဒေါ်လာသန်းပေါင်းများစွာ အလွဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတယောက် အပါအဝင် လူ ၉ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း အစိုးရက ပြောပါတယ်။

ရဲတပ်ဖွဲ့ ဒါရိုက်တာ မော်ရီစီယို အာရီယာဇာဟာ ဒေါ်လာ ၃၅ သန်း အလွဲသုံးစားလုပ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ခရက်ဒစ်ယူနီယံရဲ့ အကြီးအကဲဖြစ်သူ မာနူယယ် ကိုတိုကို ရဟတ်ယာဉ်နဲ့ အယ်လ်ဆာဗေဒိုကို ပြန်ခေါ်ဆောင်လာတာပါ။

အမေရိကန်ကို ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့ ကိုတိုကို တနင်္ဂနွေနေ့ အစောပိုင်းက ဟွန်ဒူးရပ်စ်မှာ ဖမ်းဆီးရမိခဲ့ပြီးနောက် သူ့ကို အယ်လ်ဆာဗေဒို ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဟွန်ဒူးရပ်စ်နယ်စပ်အနီး စစ်ရဟတ်ယာဉ် ပျက်ကျမှုအတွင်း ရဲအရာရှိ ၃ ယောက်၊ စစ်မှုထမ်း ၃ ယောက်နဲ့ တရားရေးဝန်ကြီးဌာန ဝန်ထမ်းတယောက်တို့ ပါဝင်ကြောင်း စစ်တပ်နဲ့ ဝန်ကြီးဌာနတို့ကနေ သိရပါတယ်။

အာဏာပိုင်တွေဟာ မတော်တဆမှုနဲ့ ဖြစ်ပွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

သမ္မတ နာယစ်ဘ် ဘူကီလီက အာရီယာဇာ သေဆုံးမှုနဲ့ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပြီး အမျိုးသားလုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ကူညီခဲ့တဲ့ သူ့ရဲ့ အခန်းကဏ္ဍတွေအတွက် ချီးကျူးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ရဲချုပ်ရာထူး ခန့်အပ်ခဲ့ရတဲ့ အာရီယာဇာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူဆိုးဂိုဏ်းတွေကို ဖြိုခွင်းခဲ့ပြီး နိုင်ငံရဲ့ လူသတ်မှုနှုန်းကို လျှော့ချနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီစစ်ဆင်ရေးမှာ မတရားဖမ်းဆီးခံရသူတွေအတွက် လူ့အခွင့်အရေးအဖွဲ့တွေဆီက ဝေဖန်မှုတွေ ထွက်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ အာရီယာဇာဟာ နိုင်ငံတော် ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ပြောဆိုခဲ့ပြီး အာရီယာဇာ အပါအဝင် အဆင့်မြင့် အယ်လ်ဆာဗေဒို အရာရှိတွေကို ခရီးသွားလာခွင့် ပိတ်ပင်ဖို့နဲ့ ပိုင်ဆိုင်မှုတွေကို ခေတ္တ‌သိမ်းဆည်းထားဖို့ တခြားနိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013