DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် ရိုဟင်ဂျာယဉ်ကျေးမှုဆိုင်ရာ ညစာစားပွဲ ကျင်းပ
DVB
·
September 9, 2024
ချင်းမိုင်တွင် ရိုဟင်ဂျာယဉ်ကျေးမှုဆိုင်ရာ ညစာစားပွဲ ကျင်းပ
1 / 7
Donate to DVB

ရိုဟင်ဂျာ ယဉ်ကျေးမှုဆိုင်ရာ ညစာစားပွဲကို Rohingya Maìyafuìnor Collaborative Network က ဦးစီးပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က Bamboo Family Market မှာ စက်တင်ဘာ ၈ ရက်က ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ Journey of Love ဆိုတဲ့ မှတ်တမ်းရုပ်ရှင် အတူတကွ ကြည့်ရှုခြင်း၊ ရိုဟင်ဂျာရိုးရာ အစားအစာတွေနဲ့ တည်ခင်းဧည့်ခံခြင်း၊ ရိုဟင်ဂျာ အမျိုးသမီးများစကားဝိုင်း စတဲ့ အစီအစဉ်တွေ ပါဝင်ခဲ့ပါတယ်။

ရိုဟင်ဂျာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Yasmin Ullah က “ဒီအကြမ်းဖက်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကနေတဆင့် ဒီချိတ်ဆက်မှုတွေကို ထပ်ပြီးမြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းက ကျမတို့ရဲ့ အစားအသောက်၊ ယဉ်ကျေးမှု၊ ရုပ်ရှင်၊ အမျိုးသမီးကဏ္ဍနဲ့ တခြားသော ကဏ္ဍပေါင်းစုံကို ပြသဖို့ပါပဲ။ ဒါမှလည်း ကျမတို့ ဘယ်သူလဲဆိုတာကို သေချာအောင်လုပ်ဖို့ ကျန်နိုင်ငံတွေက ကျမတို့ ဘယ်သူလဲဆိုတာ သေချာအောင်၊ ထပ်မံချိတ်ဆက်ဖို့ နည်းလမ်းရှာနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

Journey of Love မှတ်တမ်းရုပ်ရှင်ဟာ ရဲရင့်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီး ၅ ယောက်တို့ ဆုံတွေ့ခဲ့ကြပြီး သူတို့ရဲ့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ကာ Rohingya Maìyafuìnor Collaborative Network ကို တည်ထောင်ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

ဒီပွဲမှာ ရိုဟင်ဂျာ အမျိုးသမီးတွေ ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အရသာရှိတဲ့ ရိုဟင်ဂျာ ရိုးရာ အစားအစာတွေကို ညစာအဖြစ် ပွဲတက်ရောက်သူတွေကို တည်ခင်းဧည့်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013