DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားနိုင်ငံတည်ထောင်မှု ၇၆ နှစ်ပြည့် အခမ်းအနား ကျင်းပ
DVB
·
September 9, 2024
မြောက်ကိုရီးယားနိုင်ငံတည်ထောင်မှု ၇၆ နှစ်ပြည့် အခမ်းအနား ကျင်းပ
Donate to DVB

မြောက်ကိုရီးယားနိုင်ငံ ထူထောင်မှု ၇၆ နှစ်ပြည့် အခမ်းအနားနဲ့ ညနေခင်းဖျော်ဖြေပွဲတွေ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကင်အီဆွန်း ရင်ပြင်မှာ  စက်တင်ဘာ ၈ ရက် ညပိုင်းက ကျင်းပတဲ့ ဒီပွဲမှာ အစုလိုက်ကခုန်တဲ့ ပါတီပွဲတွေ၊ မီးရှူးမီးပန်းတွေ လွှတ်တင်ခဲ့ပါတယ်။

တရားဝင်အမည် ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ (DPRK) လို့ခေါ်တဲ့ မြောက်ကိုရီးယားကို လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အဘိုး ကင်အီဆွန်း ဦးဆောင်ပြီး ၁၉၄၈ ခုနှစ်မှာ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ် ဂျပန်က လက်နက်ချအပြီး ဒုတိယကမ္ဘာစစ် ပစိဖိတ်စစ်နယ်ဝန်း အဆုံးသတ်ချိန်မှာ ကိုရီးယား နှစ်ပိုင်းကွဲခဲ့တာပါ။

ကိုရီးယားပြည်သူတွေ ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့အထိ နိုင်ငံတကာက ထိန်းသိမ်းပေးဖို့ မဟာမိတ်တွေအကြား သဘောတူခဲ့ပါတယ်။

စစ်ပွဲနောက်ဆုံးရက်တွေထဲမှာ ကိုရီးယားကို အမေရိကန်နဲ့ ဆိုဗီယက် ထိန်းချုပ်နယ်မြေဆိုပြီး နှစ်ပိုင်းခွဲဖို့ အမေရိကန် အဆိုပြုခဲ့ပြီး ဆိုဗီယက်ကလည်း သဘောတူခဲ့ပါတယ်။

ဒါဟာ နိုင်ငံတကာစောင့်ရှောက်မှု အစီအမံ မစခင် ယာယီလို့ပဲ ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ သဘောတူညီမှု မရခဲ့ပါဘူး။

ဒီလိုနဲ့ အမေရိကန် သိမ်းထားတဲ့ တောင်မှာ ရွေးကောက်ပွဲတွေလုပ်ပြီး ဆစ်ဂ်မန်ရီးကို သမ္မတတင်လိုက်သလို မြောက်မှာလည်း ကင်အီဆွန်းက ခေါင်းဆောင်ဖြစ်လာပါတယ်။

၁၉၄၈ မှာ တောင်က ကိုရီးယားသမ္မတနိုင်ငံ (ROK) လို့ ထူထောင်လိုက်ပြီး ၁၉၄၉ မှာ မြောက်က ကိုရီးယားဒီမိုကရက်တစ်သမ္မတနိုင်ငံ (DPRK) လို့ ထူထောင်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013