DVB Logo
Home
နိုင်ငံတကာ
၂၀၂၄ ခုနှစ် ကမ္ဘာ့အပူဆုံးနှစ် ဖြစ်လာမည်
DVB
·
September 9, 2024
၂၀၂၄ ခုနှစ် ကမ္ဘာ့အပူဆုံးနှစ် ဖြစ်လာမည်
Donate to DVB

၂၀၂၄ ရဲ့ ပြီးခဲ့တဲ့ သုံးလထဲမှာ အပူဆုံးနေ့ရက်၊ အပူဆုံးဇွန်လ၊ အပူဆုံး ပူးတွဲစံချိန်တင် ဩဂုတ်လ၊  မြောက်ကမ္ဘာခြမ်းရဲ့ အပူဆုံးနွေရာသီ စတဲ့စံချိန်တွေ တင်နိုင်ခဲ့တဲ့အတွက် ၂၀၂၄ တနှစ်လုံးဟာလည်း မှတ်တမ်းတင်နိုင်သမျှ သမိုင်းမှာ ကမ္ဘာ့အပူဆုံးနှစ် ဖြစ်လာတော့မယ်လို့ ဥရောပသမဂ္ဂ ရာသီဥတုဌာနက ထုတ်ပြန်ပါတယ်။

ပူပြင်းလှတဲ့ ၂၀၂၄ နွေရာသီအပူရှိန်ဟာ ဩဂုတ်အထိပါ ဆက်လက်ရိုက်ခတ်ခဲ့တဲ့အတွက် တကမ္ဘာလုံး အတိုင်းအတာနဲ့ အပူဆုံးပူးတွဲစံချိန်တင် ဩဂုတ်လ ဖြစ်ခဲ့တယ်လို့ ကော်ပါးနီးကပ်စ် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လေ့လာရေးဌာနက ထုတ်ပြန်ပါတယ်။

C3S လို့ အတိုခေါ်တဲ့ ဒီဌာနဟာ ဥရောပသမဂ္ဂတခုလုံးနဲ့ဆိုင်တဲ့ မိုးလေဝသနဲ့ ရာသီဥတုဆိုင်ရာ လေ့လာရေးဌာန ဖြစ်ပါတယ်။

မျက်နှာပြင် ပျမ်းမျှလေထုအပူချိန်မှာ ၁၆ ဒသမ ၈၂ ဒီဂရီဆဲလ်စီးယပ်စ် ရှိခဲ့တဲ့အတွက် ဒီနှစ် ဩဂုတ်လဟာ ၁၉၉၁–၂၀၂၀ ပျမ်းမျှထက် များခဲ့ပြီး ၂၀၂၃ ဩဂုတ်လနဲ့ စံချိန်တူခဲ့တာပါ။

ဒီနှစ်နွေမှာ ကြုံခဲ့ရတဲ့ အပူချိန်နဲ့ ဆက်စပ် ပြင်းထန်တဲ့ ဖြစ်စဉ်တွေဟာ ပိုအားကောင်းလာဖို့သာ ရှိတဲ့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ သိသာတဲ့ အားထုတ်မှုတွေ မလုပ်ရင် လူသားတွေနဲ့ ကမ္ဘာကြီးအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ကော်ပါးနီးကပ်စ်ဌာန ဒုတိယညွှန်ကြားရေးမှူး ဆမန်သာဘားဂတ်စ်က ပြောပါတယ်။

သာမန်ထက်ပူနွေးတဲ့ အပူချိန်ကို အန္တာတိကတိုက်အရှေ့ပိုင်း၊ အမေရိကန် တက္ကဆက်ပြည်နယ်၊ မက္ကဆီကို၊ ကနေဒါ၊ အာဖရိက အရှေ့မြောက်ပိုင်း၊ အီရန်၊ တရုတ်၊ ဂျပန် နဲ့ ဩစတြးလျတွေမှာ ရင်ဆိုင်ခဲ့ရပြီး ပျမ်းမျှအပူချိန်ထက် အရမ်းပိုများတဲ့ စံချိန်တင် အပူချိန်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ရုရှားအရှေ့ပိုင်း၊ အလာစကာ၊ အမေရိကန်အရှေ့ပိုင်း၊ တောင်အမရိကတောင်ပိုင်း၊ ပါကစ္စတန်နဲ့ အာဖရိက ဆာဟဲလ်ဒေသတွေမှာတော့ ပျမ်းမျှထက်လျော့နည်းတဲ့ အပူချိန်သာ ရှိခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013