DVB Logo
Home
မြန်မာသတင်း
အဆိုတော် တသသကို စစ်အာဏာရှင်တပ်က ပြန်လည်ဖမ်းဆီး
DVB
·
July 14, 2026
Photo: Ta Tha Tha San Lat
Photo: Ta Tha Tha San Lat
Donate to DVB

စဥ့်ကူးမြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်းအချုပ်ထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အဆိုတော်တသသကို စစ်အာဏာရှင်တပ်က ပြန်လည်ဖမ်းဆီးပြီး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုတော် တသသကို ဇူလိုင် ၇ ရက် မနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်ရှိ နေအိမ်တအိမ်မှာ ဖမ်းမိခဲ့ပြီး စဥ့်ကူးမြို့နယ်ရဲစခန်းက ကနဦးဖွင့်ထားတဲ့ ပုဒ်မ ၆၆(ဃ) နဲ့ပဲ အမှုဖွင့်ထားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူက ပြောပါတယ်။

“အဆိုတော်တသသ တယောက်တည်းမဟုတ်ဘူး။ စဥ့်ကူးမြို့သိမ်းတိုက်ပွဲတုန်းက ရဲစခန်းအချုပ် ကနေ ထွက်ပြေးသွားတဲ့သူတွေကို ပြန်ဖမ်းတာ။ လက်ရှိ ဖမ်းမိထားတာ ၂ ယောက်ရှိတယ်။”

စဥ့်ကူးမြို့မရဲစခန်းက ထွက်ပြေးသွားတဲ့အချုပ်သား ၉ ယောက်ရှိပြီး အဆိုတော်တသသ နဲ့ အမျိုးသားတယောက်ကို သတင်းပေးချက်အရ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခု ဇွန် ၁၁ ရက်က စဉ့်ကူးမြို့နယ်တရားရုံးရဲ့ တရားစီရင်မှုနဲ့ ပတ်သတ်ပြီး Live လွှင့်ပြောဆိုခဲ့တာကြောင့် အဆိုတော် တသသကို အာဏာရှင်စစ်တပ်က ဖမ်းဆီးပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အချုပ်ချနေစဥ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်ရှိ စဥ်ကူးမြို့ကို သိမ်းပိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်နေစဥ်အတွင်းမှာ စဥ့်ကူးမြို့မရဲစခန်း အချုပ်ခန်းကနေ အဆိုတော် တသသ ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

စဥ်ကူးမြို့မရဲစခန်းက ထွက်ပြေးလွတ်မြောက်သွားသူ အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၂ ယောက် စုစုပေါင်း ၉ ယောက်ရှိပါတယ်။

စဥ့်ကူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ လက်ထဲကနေ အာဏာရှင်စစ်တပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်မှာ ပြန်လည်ရရှိခဲ့ပြီးနောက် နေအိမ်တွေ ချိပ်ပိတ်တာ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ နဲ့ အားပေးထောက်ခံသူတွေကို ဆက်တိုက်ဖမ်းဆီးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013