DVB Logo
Home
နိုင်ငံတကာ
တယ်လီဂရမ်ပေါ်က တရားမဝင်လှုပ်ရှားမှုများ ဖယ်ရှားနေဟု စီအီးအို ဒူရော့ဗ် ကြေညာ
DVB
·
September 8, 2024
တယ်လီဂရမ်ပေါ်က တရားမဝင်လှုပ်ရှားမှုများ ဖယ်ရှားနေဟု စီအီးအို ဒူရော့ဗ် ကြေညာ
Donate to DVB

ပြစ်မှုဆိုင်ရာစွဲချက်တွေနဲ့ ပြင်သစ်မှာ အဖမ်းခံရပြီး အာမခံနဲ့ ပြန်လွတ်လာတဲ့ တယ်လီဂရမ် စီအီးအို ဒူရော့ဗ်က  လူမှုမီဒီယာပလက်ဖောင်းပေါ်မှာ ပထမဆုံး ပြောင်းလဲပြင်ဆင်မှုတွေကို ကြေညာခဲ့ပါတယ်။

တရားမဝင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်နေတဲ့ ဝန်ဆောင်မှုတွေကို ဖယ်ရှားလိုက်တဲ့အပြင် အပြင်းအထန် ဝေဖန်ခံနေရတဲ့ကိစ္စဖြစ်တဲ့ အလွန်အကျွံမဖြစ်အောင် ထိန်းကျောင်းပေးမှု (moderation) ကင်းမဲ့တဲ့ကိစ္စကိုလည်း ပြင်ဆင်ဖို့ ကတိပြုခဲ့ပါတယ်။ 

ဝေဖန်ခံနေရတဲ့အဖြစ်ကနေ ချီးကျူးခံရတဲ့ အခြေအနေရောက်တဲ့အထိ ပြောင်းလဲသွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ဒူရော့ဗ်က ဆိုပါတယ်။ 

ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲလုပ်မှု၊ မူးယစ်ကုန်ကူးမှု၊ လိမ်လည်မှု၊ ငွေကြေးခဝါချမှုတွေကို ထိန်းသိမ်းပေးဖို့ ပျက်ကွက်မှုနဲ့ ဒူရော့ဗ်ကို ပြီးခဲ့တဲ့လက ပြင်သစ်မှာ ဖမ်းဆီးပြီး စွဲချက်တင်ထားပါတယ်။ 

တယ်လီဂရမ်ဟာ Telegraph လို့ခေါ်တဲ့ လုပ်ဆောင်ချက်မှာ မီဒီယာအသစ်တွေတင်လို့မရအောင် ပိတ်လိုက်သလို People Nearby ဆိုတဲ့ လုပ်ဆောင်ချက်ကိုလည်း ဖယ်ရှားလိုက်ပြီလို့ ဒူရော့ဗ်က ဆိုပါတယ်။

Telegraph ဆိုတဲ့ လုပ်ဆောင်ချက်ကိုသုံးပြီး အမည်မဖော်ဘဲ အလွဲသုံးစားလုပ်နေကြတာတွေ ရှိတယ်လို့ ဒူရော့ဗက်က ဝန်ခံခဲ့ပြီး ကိုယ့်အနီးတဝိုက်မှာ ဘယ်သူတွေ ရှိနေသလဲ သိနိုင်တဲ့ People Nearby လုပ်ဆောင်ချက်ကိုလည်း သုံးသူက ၀ ဒသမ ၁ ရာခိုင်နှုန်းပဲရှိပြီး bot တွေနဲ့ လိမ်လည်သူတွေ ပြဿနာရှိတဲ့အတွက် ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။ 

တယ်လီဂရမ်သုံးသူ ၉၉ ဒသမ ၉၉၉ ရာခိုင်နှုန်းဟာ ရာဇဝတ်မှုတွေနဲ့ ဘယ်လိုမှ မပတ်သတ်ဘဲ ၀ ဒသမ ၀၀၁ ရာခိုင်နှုန်းကြောင့် ပလက်ဖောင်းရဲ့ ပုံရိပ်ထိခိုက်ရတယ်လို့လည်း ဒူရော့ဗ်က ရေးထားပါတယ်။

တယ်လီဂရမ်နဲ့ အမေးများတဲ့မေးခွန်းများ (FAQ) စာမျက်နှာကိုလည်း တိတ်တဆိတ် ပြင်ဆင်လိုက်ပြီး Private Message တွေကိုပါ Report လုပ်နိုင်တယ်လို့ ရေးထားပါတယ်။ အရင်ကတော့ ပြောဆိုမှုတွေဟာ ပါဝင်သူတွေနဲ့ပဲဆိုင်ပြီး တယ်လီဂရမ်က အဲဒါနဲ့ပတ်သက်ပြီး ဘာမှ လုပ်ပေးလို့မရဘူးလို့ ရေးထားတာပါ။ 

သူ့ကို ဖမ်းဆီးခဲ့တာဟာလည်း လမ်းလွဲနေတယ်လို့ ဒူရော့ဗ်က သုံးသပ်ခဲ့ပြီး ပြင်သစ် အာဏာပိုင်တွေအနေနဲ့ တယ်လီဂရမ်ကို အသိပေးအကြောင်းကြားသင့်တယ်လို့ ရေးသားခဲ့ပါတယ်။ 

သုံးစွဲသူများလာတာကြောင့် ရာဇဝတ်ကောင်တွေက အလွဲလုပ်လို့ရသွားတာလို့ ဒူရော့ဗ်က ဆင်ခြေပေးခဲ့ပြီး ထိန်းကျောင်းမှု မလုံလောက်တာကိုလည်း ဝန်ခံသွားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013