DVB Logo
Home
မြန်မာသတင်း
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်း အမှတ်တရ ရုပ်ရှင်ပြပွဲ ချင်းမိုင်တက္ကသိုလ်တွင် ပြုလုပ်
DVB
·
September 8, 2024
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်း အမှတ်တရ ရုပ်ရှင်ပြပွဲ ချင်းမိုင်တက္ကသိုလ်တွင် ပြုလုပ်
1 / 9
Donate to DVB

ကွယ်လွန်သူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်း အမှတ်တရအဖြစ် ‘ဖေမောင်စိမ်း အမှတ်တရ ရုပ်ရှင်ပြပွဲ’ ကို စက်တင်ဘာ ၇ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် RCSD မှာ ကျင်းပခဲ့ပါတယ်။

ဖေမောင်စိမ်း ရဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေက ကွယ်လွန်သူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေမောင်စိမ်း အထိမ်းအမှတ် ရုပ်ရှင်ရန်ပုံငွေကို ထူထောင်ပြီး ဒီရုပ်ရှင်ပြပွဲကို ကျင်းပခဲ့တာပါ။

ဒါရိုက်တာ ဖေမောင်စိမ်းရဲ့ မိတ်ဆွေဖြစ်သူ ဒါရိုက်တာ လေးသီတာက “ကိုဖေမောင်စိမ်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းကြားကြားချင်း ကျမတို့ တကယ့်ကို မခံမရပ်နိုင် ဖြစ်ရပါတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ သူ့အတွက် အမှတ်တရအခမ်းအနားမျိုး လုပ်သင့်တယ်လို ဆုံးဖြတ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ မှတ်တမ်းရုပ်ရှင်တွေဟာ အမွေအနှစ်ဖြစ်တယ်။ သူက ဘယ်လို ရုပ်ရှင်တွေ ရိုက်ခဲ့တာပါ ဆိုပြီးတော့ လူအများကြီးက သူ့အကြောင်းတွေ ရေးကြတယ်။ ဒါပေမဲ့ တကယ်တော့ ကိုဖေမောင်စိမ်း ရိုက်ကူးခဲ့တဲ့ လက်ရာ မှတ်တမ်းရုပ်ရှင်တွေကို လူတော်တော်များများ မကြည့်ဖူးကြပါဘူး။ ဒါကြောင့် ဒီနည်းလမ်းက အမှတ်တရအဖြစ် ဂုဏ်ပြုဖို့ကောင်းတဲ့ နည်းလမ်းဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ဒီရုပ်ရှင်ပြပွဲမှာ ဖေမောင်စိမ်း ဖန်တီးထားတဲ့ အနုပညာမြောက် မှတ်တမ်းရုပ်ရှင် ဇာတ်ကား ၄ ကားဖြစ်တဲ့ Like Father Like Son, Samanera, The River: Our Ayeyarwaddy နဲ့ No Laughing Matter တို့ကို ဝင်ကြေးအခမဲ့ပြသခဲ့ပြီး မြန်မာအစားအစာတွေကိုလည်း ရောင်းချခဲ့ပါတယ်။

ဖေမောင်စိမ်းအမှတ်တရ ရုပ်ရှင်ပြပွဲကို လူ ၁၅၀ နဲ့အထက် လာရောက်ကြည့်ရှုခဲ့ကြပြီး ဖေမောင်စိမ်း အထိမ်းအမှတ် ရုပ်ရှင်ရန်ပုံငွေ ဘတ် ၃၇,၁၁၀၊ မြန်မာငွေတန်ဖိုးအားဖြင့် ၅၄ သိန်းကျော်  ရရှိခဲ့ပါတယ်။

ဒါရိုက်တာ လေးသီတာက “သူက မှတ်တမ်းရုပ်ရှင်တွေကို ချစ်မြတ်နိုးသလို သူ့ပညာတွေ ဖြန့်ဝေပေးရတာကိုလည်း သူက နှစ်သက်ပါတယ်။ ပြီးတော့ မှတ်တမ်းရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး မြှင့်တင်ပေးလိုစိတ်လည်း ရှိပါတယ်။ တဖက်မှာက မြန်မာရုပ်ရှင်နယ်ပယ်ကို ကြည့်လိုက်မယ်ဆိုရင် အထူးသဖြင့် မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ ရန်ပုံငွေထောက်ပံ့တဲ့ အဖွဲအစည်းမျိုး မတွေ့ရဘူး။ ရာသီဥတု ဖောက်ပြန်ခြင်း၊ ကျား မ ရေးရာ၊ လူ့အခွင့်အရေး ဒါမှမဟုတ် LGBTQ အခွင့်အရေးဆိုင်ရာ ရုပ်ရှင်တွေ ရိုက်ကူးဖို မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတဦးအနေနဲ့ ရန်ပုံငွေရရှိဖို့ သိပ်ကို ခက်ခဲလှပါတယ်။ ဒီလို မဟုတ်ရင်လည်း လက်ရာမြောက်လှတဲ့ မှတ်တမ်းရုပ်ရှင်တွေကို ရိုက်ကူးဖို့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေအတွက် ရရှိတဲ့ ရန်ပုံငွေတွေက သိပ်ကိုအကန့်အသတ် ဖြစ်တာမျိုးတွေ ရှိပါတယ်။ ဒီတော့ ကျမတို့ ယုံကြည်တာက ဒီလိုရန်ပုံငွေထူထောင်တာဟာ ကိုဖေမောင်စိမ်းရဲ့ စိတ်အားထက်သန်မှုလို ယုံကြည်ပြီး လူငယ်တွေကို တတ်နိုင်သလောက် ပံ့ပိုးကူညီမှုကို ဆက်လုပ်သွားဖို့ အာမခံချင်ပါတယ်”လို့ ပြောပါတယ်။

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်းဟာ ၂၀၂၂ ခုနှစ် မေလမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေတုန်း ကရင်နီပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရပြီး တရားမဝင်အသင်းအဖွဲ့ ဆက်သွယ်မှုနဲ့ တရားစွဲဆိုခံရပြီး လွိုင်ကော်အကျဉ်းထောင်မှာ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အသက် ၅၁ နှစ်အရွယ် ဖေမောင်စိမ်းဟာ ကျောရိုးတီဘီရောဂါနဲ့ စစ်တပ်ရဲ့ ညှဉ်းပန်း နှိပ်စက်မှုတို့ကြောင့် စစ်တပ်အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပြီး ၃ ရက်အကြာ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013