DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းနှင့် ဘိုကလေးမှ အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ် ၂၀ မန္တလေးတိုင်း ပို့ခံရ
DVB
·
September 6, 2024
မော်ကျွန်းနှင့် ဘိုကလေးမှ အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ် ၂၀ မန္တလေးတိုင်း ပို့ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်က အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်အယောက် ၂၀ ကို စစ်ကောင်စီတပ်က မန္တလေးတိုင်းဘက်ကို ပို့ခဲ့တယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်က လူငယ် ၉ ယောက်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်က လူငယ် ၁၁ ယောက်ကို စစ်ကောင်စီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး အဓမ္မစစ်သားစုဆောင်းခဲ့တာဖြစ်ပြီး မန္တလေးတိုင်းမှာ စစ်မှုထမ်းရမယ်ဆိုကာ စက်တင်ဘာ ၄ ရက်မှာ အပို့ခံရတာလို့ သိရပါတယ်။

ဘိုကလေးမြို့နယ်မှ မိခင်တယောက်က “စက်တင်ဘာ ၄ ရက်နေ့က အပို့ခံရတာလို့ သိရတယ်။ ၃ ရက်နေ့အထိ ဖုန်းအဆက်အသွယ်ရတယ်။ ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူး။ တရက်မှ စိတ်ထဲနေလို့ မကောင်းဘူး။ သားလေးအတွက် စိတ်ပူတယ်။ အသက် ၆၀ ကျော်ပြီ၊ ဒီအပူက ဘယ်အပူနဲ့မှ မတူဘူး။ မိဘတွေချင်း ကိုယ်ချင်းစားတတ်ပါစေလို့ ဆုတောင်းတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မတည်မငြိမ်ဖြစ်နေတဲ့ မန္တလေးဘက်ကို စစ်ပညာမသင်ရသေးတဲ့ ကလေးတွေ တန်းအပို့ခံရတော့ စိတ်ပူတာပေါ့။ စစ်သားစုဆောင်းခံရပြီး မန္တလေးဘက် အပို့ခံရတဲ့ လူငယ် အယာက် ၂၀ က အဓမ္မ စုဆောင်းခံရတာပါ။ စက်တင်ဘာ ၄ ရက်က အပို့ခံရတာ မှန်ပါတယ်။ မနက်စောစောပိုင်း အပို့ခံရတာ” လို့ ပြောပါတယ်။

အခု စစ်ကောင်စီပူးပေါင်းအဖွဲ့တွေရဲ့ အဓမ္မ စစ်သားစုဆောင်းခံရပြီး မန္တလေးတိုင်းဘက် အပို့ခံရတဲ့ ဘိုကလေးနဲ့ မော်လမြိုင်ကျွန်းက ဒေသခံ လူငယ်အယောက် ၂၀ ထဲမှာ ရင်ကြပ်၊ လိပ်ခေါင်းနဲ့ အတက်ရောဂါရှိတဲ့ ဝေဒနာရှင်တချို့ ပါဝင်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ပထမအပတ်ကလည်း စစ်ကောင်စီတပ်က မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်က ဒေသခံ ၁၇ ယောက်ကို အဓမ္မစစ်သားစုဆောင်း ခေါ်ဆောင်ခဲ့ပြီး သင်တန်းကျောင်းတွေကို ပို့ခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013