
ဧရာဝတီတိုင်း ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဗြူးစခန်းကျေးရွာက အသက် ၃၅ နှစ်အရွယ် အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာကို ဗြူးစခန်းကျေးရွာအရှေ့ဘက် ဆက်သွယ်ရေးမြောင်း ထဲမှာ ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီလောက်က ရေနစ်သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပါတယ်။
ကျောင်းဆရာနီးစပ်တဲ့ ဒေသခံတယောက်က “သက်ဆိုင်ရာတာဝန်ရှိသူတွေက ရေနစ်သေဆုံးတာလို့ သတ်မှတ်ထားပါတယ်။ သေဆုံးသူက မူလတန်ကျောင်းအုပ်ဆရာ ဟုတ်ပါတယ်။ မိသားစုက ပျောက်လို့ လိုက်ရှာရင်း ဆက်သွယ်ရေးမြောင်းထဲမှာ သေဆုံးနေတာကို” လို့ ပြောပါတယ်။
ကျောင်းဆရာဟာ ဇွန် ၁၇ ရက် ညနေက ဟင်းစားရှာဖွေဖို့ ထွက်သွားပြီး ဇွန် ၁၈ ရက် မွန်းလွဲပိုင်း အထိ အိမ်ကို ပြန်မလာတာကြောင့် မိသားစုဝင်တွေ နဲ့ တာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့ကြရာမှာ အကျယ် ၁၅ ပေနဲ့ အနက် ၁၀ ကျော်လောက်ရှိတဲ့ ဆက်သွယ်ရေး ရေမြောင်းထဲမှာ သေဆုံးနေတာ ကို တွေ့ရှိရတာလို့ သိရပါတယ်။
ကျောင်းဆရာရဲ့ ရုပ်အလောင်းကို ဘိုကလေးမြို့နယ်၊ စက်ဆန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်ကို စက်ဆန်းနယ်မြေရဲစခန်းမှာ သေမှုသေခင်းဖွင့်လှစ်ထားပြီး စစ်အာဏာရှင် ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။










