DVB Logo
Home
မြန်မာသတင်း
လောင်းကစားဝိုင်းများတွင် ငွေကြေးကောက်ခံခြင်းမရှိဟု ကလေး PDF နှင့် ပအဖ ပြော
DVB
·
September 5, 2024
လောင်းကစားဝိုင်းများတွင် ငွေကြေးကောက်ခံခြင်းမရှိဟု ကလေး PDF နှင့် ပအဖ ပြော
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားကျေးရွာမှာ ဒေသခံတွေ လောင်းကစား‌ဝိုင်းတွေ ပြုလုပ်နေတဲ့အပေါ် ကလေး PDF နဲ့ ရပ်ကျေးပအဖအဖွဲ့က ငွေကြေးကောက်ခံတာ မရှိဘူးလို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၅ ရက်မှာ DVB ကို ပြောပါတယ်။

ကလေး PDF တပ်ရင်း ၄ တာဝန်ခံက “PDF အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ သက်ဆိုင်ခြင်း မရှိပါဘူး။ ငွေကောက်ခံထားခြင်းလည်း မရှိထားသလို ခွင့်ပြုထားခြင်းလည်း မရှိပါဘူး။ လောင်းကစား၊ မူးယစ်ဆေးနဲ့ပတ်သက်ပြီး သိရှိလိုတာ ရှိတယ်ဆိုရင် ကလေးမြို့နယ် ပအဖကို မေးမြန်းရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၅,၀၀၀ ကျော်ရှိတဲ့ တင်သားရွာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကလေး PDF တပ်ရင်း ၄ က စစ်ဖက်မှာ တာဝန်ယူဆောင်ရွက်နေပြီး ရပ်ရွာအုပ်ချုပ်ရေးပိုင်း ကိစ္စတွေကိုတော့ ရပ်ရွာပြည်သူ့အုပ်ချုပ်‌ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီလောင်းကစားဝိုင်းတွေ ပြုလုပ်ခွင့်ပေးထားတဲ့သတင်းနဲ့ ပတ်သက်ပြီး တင်သားရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လတ်ကို ဒီနေ့မှာ တယ်လီဖုန်းနဲ့ ထပ်မံ ဆက်သွယ်ခဲ့ရာမှာတော့ ရပ်ကျေးပအဖနေနဲ့လည်း ကောက်ခံခြင်းမရှိကြောင်း ငြင်းဆိုပါတယ်။

“ကျနော်တို့ရွာမှာ ဒီကိစ္စ(လောင်းကစားဝိုင်း)က လုပ်ထားခဲ့တာ လုံးဝမရှိပါဘူး။ ဒီတင်တဲ့ ကိစ္စကတော့ သတင်းမှားပေါ့လေ။ ကျနော်တို့ရွာ ကျနော်ကတော့ ရွာပေါင်းစုံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဖြစ်တော့ ကျနော့်ကို နည်းနည်း‌လေး အမြင်ကတ်လို့ သတင်းထည့်ခြင်း ဖြစ်တယ်လို့ ယူဆတယ်ပေါ့။ ကျနော်တို့ (တခြား)ရွာတွေမှာဆိုလည်း လောင်းကစားကိစ္စတွေ၊ မူးယစ်ဆေးဝါးတွေကို ကျနော်တို့ကိုယ်တိုင် ဦးဆောင်ဖမ်းခဲ့တာတွေ ရှိတယ်။ ကျနော်တို့ ကျေးရွာမှာ မူးယစ်ဆေးဝါးသော်လည်းကောင်း၊ လောင်းကစားသော်လည်းကောင်း ဘယ်အုပ်ချုပ်ရေးနဲ့မှ မတူတဲ့အခါကျတော့ ပြည်သူက တမျိုးလေး အမြင်စောင်းပြီး သတင်းအမှားတွေ ဖြန့်သလားလို့ ယူဆပါတယ်ခင်ဗျ။”

ကလေး PDF ထိန်းချုပ်နယ်မြေ ကျေးရွာတချို့မှာ ဒေသခံတွေက လောင်းကစားဝိုင်းတွေ ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြတယ်လို့ ‌ရွာခံတွေက DVB ကို ပြောဆိုလာတာနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် လောင်းကစားဝိုင်းတွေ ပြုလုပ်ခွင့် မပေးထားသလို ငွေကြေးကောက်ခံတာလည်း မရှိခဲ့ဘူးလို့ PDF တပ်ရင်း ၄ တာဝန်ခံနဲ့ ရပ်ကျေး ပအဖတွေက ငြင်းဆိုခဲ့ကြတာပါ။

လောင်းကစားဝိုင်းတွေဟာ တင်သားရွာရဲ့ အရှေ့ပိုင်း၊ အမှတ် ၁ ရပ်ကွက်မှာ ပြုလုပ်နေတာဖြစ်ပြီး အနီးနားကရွာသားတွေလည်း လာကစားကြကြောင်း၊ ပအဖ အဖွဲ့ဝင် တယောက်က တဝိုင်းကို ကျပ်တသိန်း ကောက်ခံတာလို့ တင်သားရွာသားတွေက ပြောပါတယ်။

တင်သားရွာသားတယောက်က “အခုကြားတာကတော့ ကျောင်းဆရာ၊ ဆရာမတွေကို လစာပေးဖို့ ကောက်တာတဲ့။ ညတုန်းက သတင်းနဲ့ ဒီနေ့ ရှုပ်နေကြတာ။ အခုကျတော့ ဥက္ကဋ္ဌကလည်း‌ မကောက်ဘူး၊ ရဲကလည်း မကောက်ဘူး၊ ရင်း ၄ ကလည်း မကောက်ဘူး၊ ဆရာ၊ ဆရာမတွေပေးဖို့ အဖွဲ့အစည်းက ကောက်တာတဲ့။ ကောက်တာတော့ သေချာတယ်။ လောင်းကစားဝိုင်းကလည်း ရှိတယ်” လို့ ပြောပါတယ်။

လောင်းကစားဝိုင်းတွေ တရားဝင်ဖွင့်ခွင့်မပေးထားသလို ဖွင့်ခဲ့ရင်လည်း အရေးယူတယ်လို့ တင်သားကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ကျနော်တို့မြို့နယ်ကလည်း လောင်းကစားကို တရားဝင် ခွင့်မပြုဖို့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကို တာဝန်ခံတွေကို တာဝန်ပေးထားတာ ရှိပါတယ်။ အမိန့်စာထုတ်ထားတာလည်း ရှိပါတယ်။ ဒီစည်းကမ်းကိုလည်း လိုက်နာကျင့်သုံးတဲ့အခါ ကျားမင်းမှာ အချုပ်ထောင် ဖွင့်ထားပါတယ်။ အဲဒီမှာ တရားဥပဒေအရ အရေးယူဆောင်ရွက်ထားတာ ရှိပါတယ်။ နောက်ကိုလည်း ကျနော်တို့ရွာမှာ အဲဒီလိုမျိုး ရှိတယ်ဆိုရင် မြို့နယ်ကလည်း လာဖမ်းလို့ရတယ်၊ ပလဖ(ပြည်သူ့လုံခြုံရေးအဖွဲ့)လည်း ရှိတယ်။ ပူးတွဲပြီးတော့ အလုပ် လုပ်ကြတာပဲလေ။”

တင်သားကျေးရွာမှာ မှုခင်းတွေ ဖြစ်လာခဲ့ရင်လည်း မြို့နယ်ကိုတင်ပြပြီး မြို့နယ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေပါတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

NUG ထိန်းချုပ်နယ်‌မြေ တချို့မှာ အကြောင်းကြောင်းကြောင့် မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းတွေ မထိန်းချုပ်နိုင်တာ ရှိနိုင်ပေမဲ့လည်း အခု NUG စစ်ဘက်ကနေ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုတွေကို အထူးစုံစမ်း အရေးယူနိုင်ရေးအ‌တွက် စပြီး ကိုင်တွယ်နေပြီလို့ ကလေးမြို့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ နီးစပ်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013