DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့တွင် ပိတ်မိ ပြည်သူ ၂ ဦး အသက်ဆုံးရှုံး၊ စားနပ်ရိက္ခာ ပြတ်လပ်
DVB
·
September 5, 2024
အင်းတော်မြို့တွင် ပိတ်မိ ပြည်သူ ၂ ဦး အသက်ဆုံးရှုံး၊ စားနပ်ရိက္ခာ ပြတ်လပ်
Donate to DVB

စစ်ကိုင်းတိုင်း အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်းထဲမှာ စစ်ကောင်စီတပ်သားတွေ ၁၉ ရက်ကြာ ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအနေနဲ့ထားရှိတဲ့ ပြည်သူ ၁၀၀၀ ဝန်းကျင်ထဲက လူငယ် ၂ ယောက် တိုက်ပွဲအတွင်းကရခဲ့တဲ့ ဒဏ်ရာတွေကို ဆေးကုခွင့်မရရှိဘဲ အသက်ဆုံးရှုံးသွားတယ်လို့ စစ်ရှောင်ပြည်သူက ပြောပါတယ်။

အသက်ဆုံးရှုံးသွားတဲ့ လူငယ်  ၂ ယောက်အပါအဝင် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေဟာ တိုက်ပွဲစတင် ဖြစ်ပွားချိန် ဘုန်းကြီးကျောင်းထဲ လာရောက်ခိုလှုံတဲ့သူတွေဖြစ်ပြီး ရက်ကြာလာတာကြောင့် အစားအသောက် ပြတ်လာနေတယ်လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “လက်ရှိမှာတော့ အင်းတော်စစ်တပ်(စကစ)က ဒီဘုန်းကြီးကျောင်းထဲမှာ ပြည်သူ ၁၀၀၀ လောက်ကတော့ ပိတ်မိနေတယ်ပေါ့နော်။ ပိတ်မိနေတယ်ဆိုတာထက်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအနေနဲ့ ထားထားတာပေါ့။ အဲဒီပိတ်မိနေတဲ့ ပြည်သူ ၁၀၀၀ လောက်ကလည်း ပိတ်မိနေတာ ၁၈ ရက်လောက်ရှိပြီ။ အစာရေစာတွေလည်း ပြတ်လပ်နေပြီ။ စားစရာတွေလည်း မရှိတော့ဘူး၊ ပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ တိုက်ပွဲစဖြစ်တဲ့အချိန်မှာ မြို့ထဲကနေ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ ဘုန်းကြီးကျောင်းရောက်မှ ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်၊ အဲဒီထဲမှာ အသက် ၂၈ နှစ်အရွယ် မိန်းကလေးနဲ့ အသက် ၂၀ အရွယ် ယောက်ျားလေး တယောက်ကတော့ ဒဏ်ရာ ဆေးကုသခွင့်မရလို့ သေဆုံးသွားပြီပေါ့နော်” လို့ ပြောပါတယ်။

စစ်ကောင်စီက လူသားဒိုင်း ပြုလုပ်ထားတဲ့ ပြည်သူတွေထဲမှာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိတဲ့သူတွေနဲ့ ခြေထောက်တွေ ပြတ်တောက်သွားတဲ့အထိ ဒဏ်ရာပြင်းထန်တဲ့သူတွေ လည်း ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့  သိရပါတယ်။

လူသားဒိုင်း ပြုလုပ်ခံနေရတဲ့ ပြည်သူ ၁၀၀၀ ဝန်းကျင်ထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းတက်နေတဲ့ ကလေးသူငယ်တွေနဲ့ Non-CDM ဝန်ထမ်းတွေ ပါဝင်ပြီးတော့ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့အချိန် ဘုန်းကြီးကျောင်းထဲ လုံခြုံမယ်ထင်လို့ လာရောက်ခိုလှုံနေကြတာလို့ အင်းတော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

“အဲဒီ ၁၀၀၀ လောက်က ဘုန်းကြီးကျောင်းထဲ လုံခြုံမယ်ထင်လို့ ပြေးကြတာပေါ့။ နောက်တခုက အဲဒီထဲမှာ Non-CDM တွေ၊ စစ်ကောင်စီ ထောက်ခံတဲ့သူတွေ Non-CDM ဝန်ထမ်းတွေ ကျောင်းသားတွေကော အများကြီး ပိတ်မိနေတယ်။ ရောနေတာပေါ့၊ ပြည်သူတွေနဲ့ ဝန်ထမ်းတွေ ရောနေတယ်။ Non-CDM အရေအတွက်က ၃၀၀ လောက်တော့ ရှိတယ်လို့ သိရတယ်၊ ကျန်တဲ့သူတွေက ပြည်သူတွေပေါ့။”

ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက လက်ရှိအချိန်အထိ ထွက်ခွာခွင့်မပေးဘဲ ထွက်ခွာတဲ့ အချိန်မှာ မှားပစ်တာတွေရှိရင် တာဝန်မယူတဲ့အကြောင်း ပြောသလို ထွက်ပြေးလို့ ဖမ်းမိရင်လည်း ဘုန်းကြီးကျောင်းထဲကိုပဲ ပြန်ဖမ်းခေါ်လာတာတယ်လို့ သိရပါတယ်။

စစ်ကောင်စီကလည်း စားနပ်ရိက္ခာတွေ ပြတ်တောက်လာတဲ့အချိန် ပိတ်မိနေတဲ့ ပြည်သူတွေကို မြို့ထဲက နေအိမ်တွေကနေ စားနပ်ရိက္ခာတွေ သွားယူခိုင်းတာတွေရှိသလို၊ စစ်ကောင်စီ တပ်သားတွေနဲ့အတူ နေအိမ်တွေ ဖောက်ထွင်းပြီးတော့ အစားအသောက်တွေ သွားရောက် ယူဆောင်ရတာတွေ ရှိတယ်လို့  သိရပါတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေထဲက ထွက်ပြေး လွတ်မြောက်လာတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

အခုရက်ပိုင်း အင်းတော်မြို့ ပတ်ဝန်းကျင်မှာ နှစ်ဖက် ပစ်ခတ်မှုတွေတော့ ငြိမ်သက် နေတယ်လို့လည်း သိရပါတယ်။ 

အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ် ၁၆ ရက်က စတင်တာဖြစ်ပြီး အင်းတော်မြို့ ရဲစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ကာ စစ်ကောင်စီကတော့ ဂျပန်လိုဏ်ဂူနဲ့ အင်းတော်မြို့ ဗျူဟာကုန်းတွေမှာ အခိုင်အမာ တပ်စွဲထားပြီး ခုခံနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013