DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က တရုတ်ကို ဆန္ဒပြ (ဓာတ်ပုံ) 
DVB
·
September 5, 2024
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က တရုတ်ကို ဆန္ဒပြ (ဓာတ်ပုံ) 
1 / 5
Donate to DVB

ရန်ကုန်မြို့တ‌နေရာမှာ စက်တင်ဘာ ၄ ရက်က ဖိရင်ကြွမယ် ထိရင်ချမယ်၊ China: Back Off From Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြပွဲတခုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ပြုလုပ်ခဲ့ပါတယ်။

Mayangone Democratic Front (MDF)၊  Owl Community၊ Linn Yaung Ni Youth Organization (LYNYO) နဲ့  Kyimyindaing Networks (KMD18) အဖွဲ့ ၄ ဖွဲ့က ပြုလုပ်ခဲ့တာပါ။

စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးဟာ မြန်မာနိုင်ငံသားတွေရဲ့ သွေးတွေ၊ ‌ချွေးတွေကို အရင်းအနှီးလုပ်ပြီး ချီတက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့အနာဂတ်ကို မြန်မာနိုင်ငံသားတွေသာ ပိုင်ဆိုင်တာကြောင့် အာဏာရှင်မရှိတော့မဲ့ အနာဂတ်ဖန်တီးရာမှာ တရုတ်နိုင်ငံအနေနဲ့ ဖိနှိပ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ နှောင့်ယှက်မှုတွေ မလုပ်ဖို့ ဆန္ဒထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့၊ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက “တရုတ်ရဲ့ TNLA ဆီ ပို့တဲ့ ခြိမ်းခြောက်စာအပေါ် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့အနေနဲ့ ပြည်သူ့ကိုယ်စား သဘောထား တုံ့ပြန်တဲ့အနေနဲ့ ‘အာဏာဖီဆန် တော်လှန်ပုန်ကန်’ တဲ့အနေနဲ့ လုပ်တာပါ” လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်နေကြတဲ့ ပြည်သူတွေရဲ့ ရင်တွင်းစကားကို တရုတ်အစိုးရနဲ့ သက်ဆိုင်သူတွေကို အသိ‌ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ရဲ့ ထုတ်ပြန်ရေးစာမျက်နှာတွေမှာ မြန်မာနိုင်ငံထဲက ဘယ်တိုင်းရင်းသားကိုဖိဖိ၊ ဘယ်တိုင်းရင်းသားကိုထိထိ မြန်မာနိုင်ငံသားအားလုံး “ဖိရင်ကြွမယ် ထိရင်ချမယ်”၊ “If we burn, you burn with us” လို့လည်း ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013